ဖားကန့်မြို့နယ် ဟောင်ပါးတွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု နေ့စဉ်ပြုလုပ်

ဖားကန့်မြို့နယ် ဟောင်ပါးတွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု နေ့စဉ်ပြုလုပ်

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည့် တစ်ချို့ဒေသများတွင် အကြမ်းဖတ်နှိမ်နင်းမှုများကြောင့် ရပ်တန့်သွားသော်လည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စုတွင် ဆန္ဒပြမှု လက်ရှိအချိန်အထိ ရပ်တန့်ခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

“ကျွန်တော်တို့ နေ့တိုင်းပြတယ်။ ကျောင်းတွေဖွင့်တော့လည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြကြတယ်။ ကျောင်းဖွင့်ဖို့ တိုက်တွန်းပြီးလုပ်နေတာက ဟောင်ပါးမြောက် ကျောင်းဆရာတော် ဦးစီးပြီးလုပ်တာ။ ဆရာတော်နဲ့ပါ အဆင်မပြေတွေဖြစ်ကုန်တယ်။ အဲနောက်ပိုင်း ကျောင်းဖွင့်တော့ ဆရာတော်ရော ပြည်သူ့စစ်အဖွဲ့တွေရော ကျောင်းမှာလာစောင့်ကြတယ်” ဟု ဟောင်းပါဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒပြမှုများကြောင့် ဆန္ဒပြခေါင်းဆောင်များဟု ယူဆသူများ၏ နေအိမ်များကို ၀င်ရှာခြင်းများ ဓာတ်ပုံရိုက်ယူခြင်းများရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ဖမ်းစီးခံရသူမရှိသေးကြောင်း သိရသည်။

“ကျွန်တော်တို့ ဟောင်ပါးမှာက ဒလန်အရမ်းပေါတယ်။ နောက်ပြီး ဟိုတစ်ခေါက် စာသင်ကျောင်းရှေ့ ဆန္ဒပြတုန်းကဆို ပြည်သူ့စစ်တွေက သေနပ်မောင်းတင်ပြီး လက်ယက်စိန်ခေါ်တာတွေဘာတွေရှိတယ်” ဟု ၄င်းကပြောသည်။

ဖားကန့်မြို့နယ် ဟောင်ပါးအုပ်စုအတွင်း တာမခန်ကျေးရွာများတွင်လဲ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း လူရာနှင့်ချီကာ ဆက်တိုက်ဆန္ဒပြမှုများ လက်ရှိအချိန်အထိ ရှိနေခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...