စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ချင်းလူငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် ချင်းလူငယ်တစ်ဦး သေဆုံး

ကလေးမြို့ တောင်ဖီလာရပ်ကွက် နယ်မြေ (၉) တွင် ယမန်နေ့ (ဇွန် ၂၃ ရက်) ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် အသက် ၂၄ နှစ်အရွယ် ချင်းလူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

 

တောင်ဖီလာရပ်ကွက် နယ်မြေ ၉ ဝန်ထမ်းအိမ်ယာအနီးတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်သံများထွက်ပေါ်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ချင်းလူငယ်၏အလောင်းကို ဒေသခံများက တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

 

သေဆုံးသူမှာ တောင်ဖီလာရပ်ကွက် နယ်မြေ (၆) တွင်နေထိုင်သူ Salai Nung Nei Piang ဟုသိရပြီး ရုပ်အလောင်းတွင် သေနတ်ထိမှန်သည့်ဒဏ်ရာ လေးချက်တွေ့ရသည်ဟု ဆိုသည်။

 

တောင်ဖီလာနယ်မြေ (၉) ရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ယာအနီးတွင် ညကင်းစောင့်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...