စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့ကို ပြီးခဲ့သည့်နေ့ ဇွန် ၁၆ ရက်တွင် စစ်ကေင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ ဟုမ္မလင်း နောင်ပကျစ်တောင်ပေါ်ကျောင်းဆရာတော် အရှင်တေဇနိယ၊ ဦးဝင်းမောင် (အောင်သမာဓိ) နှင့် မဝေဝေထွန်း (MEC) တို့ဖြစ်ပြီး ဆရာတော်ကို လူဝတ်လဲဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
နောင်ပကျစ် တောင်ပေါ်ကျောင်းဆရာတော်သည် စစ်ကောင်စီတပ်များ မိမိကျောင်းအတွင်း၀င်ရောက်မည်ကို မကြိုက်သဖြင့် သာသနာပိုင်နယ်မြေမကျူးကျော်ရဟု ဆိုင်းဘုတ်တင်ထားသည့် ဆရာတော်ဖြစ်သည်။
သို့သော် အဆိုပါကျောင်းဝင်းအတွင်း လက်လုပ်သေနတ်များ၊ မီးပုလင်းများနှင့် ဂျင်ဂလိများ တွေ့ရှိခြင်းကြောင့် ဆရာတော်ကို ဖမ်းဆီးခံရသည့်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဟုမ္မလင်းမြို့နယ်တွင် နွေဦးတော်လှန်ရေးဆန္ဒပြပွဲများကို မြို့ပေါ်နှင့် စံပြကျေးရွာများတွင် မကြာခဏပြုလုပ်လျက်ရှိပြီး စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသူ ခုနစ်ဦးထိရှိနေပြီဖြစ်သည်။