မသန်စွမ်းနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပတ်ခတ်ပြီး ဖမ်းဆီးရိုက်နှက်

မသန်စွမ်းနှစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့်ပတ်ခတ်ပြီး ဖမ်းဆီးရိုက်နှက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘုရားစခန်းကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန် ၁၀ ရက်က ဝင်ရောက်ပြီး မသန်စွမ်းအမျိူးသားတစ်ဦးနှင့် အမျိူးသမီးတစ်ဦးတို့ကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သိရသည်။ 

 

ဘုရားစခန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ ဦးမာန်မောင်းဟာကို စကစတပ်ဖွဲ့ဝင်များက ဇွန် ၁၀ ရက်က ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ် ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၃ နှစ်အရွယ် စိတ်ကျန်းမာရေးချိူ့တဲ့သူ ဒေါ်ဂေစိမ်းငှိမ်းကိုလည်း သေနတ်ဖြင့်ပစ်ခတ်ကာ ပေါင်နှင့် ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။ 

 

စကစတပ်ဖွဲ့ဝင်များသည် ဘုရားစခန်းကျေးရွာသို့ဝင်လာပြီး ဒေါ်ဂေစိမ်းငှိမ်း၏ အိမ်ခေါင်မိုးပေါ်က ဆိုလာပြားကို တက်ဖြုတ်နေသည့် စစ်သားကို မဖြုတ်ရန် အိမ်ထဲမှအော်ပြောသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

 

အဆိုပါကိစ္စကို ဇွန်လ ၁၃ ရက်နေ့မှသာ ရွာသားများထံမှ သတင်းရရှိကာ ၎င်းတို့သည် ယင်းဒဏ်ရာများကို လေးရက်လုံးလုံးခံစားခဲ့ကြရပြီး ဇွန် ၁၄ ရက်က ဆေးဝါးကုသပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ လူနာနှစ်ဦးစလုံး စိုးရိမ်စရာမရှိတော့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...