မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းအနီးနှင့် ကဒက်ချောင်းအနီးတွင် ရဲတပ်ဖွဲ့ဝင်များပစ်ခတ်ခံရမှု၌ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကဒက်ချောင်းတွင် ဇွန် ၁၄ ရက် နေ့လည် ၁၂ နာရီခန့်က အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့က သောက်စားအော်ဟစ် မှုပြုလုပ်နေစဉ် ပစ်ခတ်ခံရမှုကြောင့် ရဲတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်းနှင့်အပြန်အလှန်ပစ်ခက်မှုများ ဖြစ်ပွားခဲ့ကာ ရဲတစ်ဦး လက်မောင်း ထိခဲ့ပြီး အရပ်သားတစ်ဦး ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"အဲဒီ ကင်မွန်းစခန်းမှာ ရဲတွေက လုံခြုံရေးလာယူတာရှိတယ်။ အဲဒါ ဒီနေ့ နေ့လယ်မှာ ဝင်ပစ်တယ်။ တစ်ဦးသေတယ်။ အရပ်ဝတ်နဲ့ပဲ။ ရဲသတင်းပေးလို့ ပြောသလို ရဲလို့လည်းပြောတယ်။ သေချာမသိသေးဘူး အခုက စစ်တပ်ရောက်နေပြီ။ နှစ်ဦးဒဏ်ရာရတယ်။ ပစ်ခတ်သံက အပြန်အလှန်ပစ်တာမျိုးမဟုတ်ဘူး။ တစ်ဖက်တည်းက လာပစ်သွားတာ။ ဘယ်သူတွေပစ်လဲဆိုတော့ မပြောတတ်ဘူး ဘယ်သူလုပ်တယ်ဆိုတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက ကဒက်ချောင်းအနီးတွင် နေရာယူမှုများရှိပြီး ယခုပစ်ခက်မှုမတိုင်မီရက်ကလည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ကျိုက်ထိုမြို့အတွင်း ဇွန် ၁၄ ရက်က သပိတ်စုံသူပုန်ထအမည်ဖြင့် အာဏာရှင်ဆန့်ကျင်သော ကျောင်းသားလူငယ်အချို့က မွန်းလွဲပိုင်းတွင် ပျောက်ကြားသပိတ်တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
Published
Tuesday, June 15, 2021
ကင်ပွန်းစခန်းအနီးတွင် ရဲများပစ်ခတ်ခံရမှု၌ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ