စစ်ကောင်စီ တပ်စခန်းများကို ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တိုက်၊ ဒုတပ်ရင်မှူး အပါအဝင် တပ်သား ၁၀ယောက်ကျော် သေဆုံးပြီး လက်နက်မျိုးစုံ သိမ်းဆည်းခံရ

စစ်ကောင်စီ တပ်စခန်းများကို ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်တိုက်၊ ဒုတပ်ရင်မှူး အပါအဝင် တပ်သား ၁၀ယောက်ကျော် သေဆုံးပြီး လက်နက်မျိုးစုံ သိမ်းဆည်းခံရ
by -
သျှမ်းသံတော်ဆင့်

ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီ တပ်စခန်းများကို ယနေ့ (မေ ၃၁)ရက် မနက်(၁)နာရီ တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် ဒုတပ်ရင်မှူး အပါအဝင် တပ်သား  ၁၁ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

 

စစ်ကောင်စီ အုပ်စု နှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့ ဖြစ်သည့် တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA)၊ကိုးကန့် (MNDAA) နှင့် ရခိုင်တပ်မတော် (AA) တို့ ပူးပေါင်းအဖွဲ့တို့ သည် ယနေ့ မနက် ၁နာရီ မှ မနက် ၄နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးကာ၊ ၁၅ဦးပျောက်ဆုံးနေကြောင်းနှင့် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း မြေပြင်သတင်းများအရ သိရသည်။

“လက်နက်ကြီးတွေ ပစ်ကြတယ်။ ကျွန်မတို့တော့ ဗုံးခိုကျင်းထဲ ပုန်းနေရတယ်။ လက်နက်ကြီးနှစ်လုံး ကျတယ်။ တစ်လုံးတော့ ပေါက်သွားတယ်။ အိမ်တစ်အိမ်ထိသွားတယ်။ပြီးတော့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ သူ တံခါးသွားပိတ်တော့ ရှပ်ထိသွားတာ။ ဆေးခန်းသွားပြပြီး ခုအိမ်ပြန်ရောက်ပါပြီ” ဟု နမ့်ဖတ်ကာ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ယနေ့မနက်ပိုင်း ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီ အုပ်စု ဖြစ်ပွားသည့် တိုက်ပွဲ နှင့်ပတ်သက်၍ TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ အောက်ခြေ သတင်းအချက်အလက် ကို ကျွန်တော်မသိရသေးဘူး။ ကျွန်တော်လည်း သတင်းပဲကြားရသေးတယ်။ အသေးစိတ်ကို မသိရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညီနောင်မဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ တို့ နှစ်ဖက်စလုံး လှုပ်ရှားသည့်နေရာဖြစ်ကြောင်းလည်း ဗိုလ်မှူး မိုင်းအိုက်ကျော် က ထပ်လောင်းပြောသည်။

မေ ၃၀ရက် ကလည်း ကွက်ခိုင်မြို့နယ်တွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် စစ်ကောင်စီ အုပ်စုတို့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...