ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ မူဆလင်များနေထိုင်သည့်ပေါက်တောတွင် ဝမ်းပျက်၊ ဝမ်းလျှောရော ဂါဖြစ်ပွားမှုကြောင့် မူဆလင်ကလေးငယ် ခုနစ်ဦး သေဆုံးပြီး ရှစ်ဦးထက်မနည်း ဆေးရုံတင်ထားရ သည့်အပြင် နောက်ထပ် လူပေါင်း ၂၀၀ ခန့်မှာ ရောဂါလက္ခဏာပြနေကြောင်း နဂရာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောသည်။
အဆိုပါ ကျေားရွာတွင် ဝမ်းပျက်၊ ဝမ်းလျှောရော ဂါဖြစ်ပွားမှုကြောင့် မေ ၂၆ ရက်မှ ၃၁ ရက်အတွင်း မူဆလင်ကလေးငယ် ခုနစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။
“ အဲဒီရွာမှာက ရေကန်တွေကို ကျွဲ၊ နွားတွေဝင်တယ်ဆိုတော့ ရေတွေကလည်း နောက်ကျိနေတယ်။ အဲဒီရေတွေကို သောက်သုံးကြတယ်ဆိုတော့ ဒီလိုဖြစ်တယ်လို့ ထင်ပါတယ်။ ဒီကလေးတွေက သုံးရက်၊ လေးရက်အတွင်မှာ သေကြတာပါ။ အခုလည်း လူ ၂၀၀ လောက် နေမကောင်းဖြစ် နေကြတာရှိပါသေးတယ်” ဟု အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောသည်။
မင်းပြားမြို့နယ်၊ ဆေးရုံးအုပ် ဒေါက်တာ နေဝင်းထွန်းကလည်း ယင်းကဲ့သို့ သေဆုံး ရောဂါဖြစ်နေခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းချက်နှင့် သောက်သုံးရေမသန့်ရှင်းမှုက အဓိကဖြစ်နိုင်သည်ဟု ပြောဆိုသည်။
“ အဓိကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းလို့ဖြစ်တယ်လို့ ယူဆရတယ်။ နောက်ပြီးတော့ ဆေးရုံကိုရောက်လာတာနောက်ကျတယ်။ ရွာမှာဖြစ်သလိုကုကြည့်ပြီးမှ ရောက်လာကြတာဆိုတော့ မဖြစ်သင့်တာတွေဖြစ်သွားတာပေါ့” ဟု ဒေါက်တာ နေဝင်းထွန်းက ပြောသည်။
လက်ရှိတွင် အဆိုပါကျးရွာအတွက် သင်္ဂဟကမ်းလက်အဖွဲ့မှ ကိုအမ်းသားကြီးဦးဆောင်၍ သောက်သုံးရေများ လှူဒါန်းလျှက်ရှိကြောင်း သိရသည်။
ဝမ်းလျော၊ ဝမ်းပျက်ဖြစ်ပွားသည့် ပေါက်တော(မူဆလင်ကျေးရွာ)သည် လူဦးရေ ၄၀၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာလည်းဖြစ်သည်။