မိုးမောက်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြု‌ရန် ကျားနီပါတီတောင်းဆို

မိုးမောက်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြု‌ရန် ကျားနီပါတီတောင်းဆို

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိကျေးရွာများတွင် တိုက်ပွဲဖော်ဆောင်ခြင်းမပြုရန်နှင့် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးထံ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) က မေလ ၂၆ ရက်စွဲဖြင့် တောင်းဆိုလိုက်ကြောင်း သိရသည်။

 

ဗန်းမော်မြို့နယ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဦးစိုင်းတင်အောင်လက်မှတ်ရေးထိုးပြီး တောင်းဆိုခြင်းဖြစ်ပြီး မိုးမောက်မြို့နယ်က တိုက်ပွဲများကြောင့် ရွာများအတွင်း လက်နက်ကြီးကျည် ကျရောက်သည့်အတွက် သံဃာတော်နှင့် ပြည်သူများ သေဆုံးခြင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်ခြေများ ပျက်စီးဆုံးရှုံးမှုများရှိနေခြင်းကြောင့် ကျားနီ ခေါ် တိုင်းလိုင် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်းသိရသည်။

 

မကြာမီတွင် လယ်ယာ ထွန်ယက်စိုက်ပျိုးကြရတော့မည့်ဖြစ်ကြောင်း ကိုဗစ်ကပ်ရောဂါကြောင့်ဖြစ်ရသော အခတ်အခဲ နိင်ငံရေးအကြပ်အတည်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးထုတ်လုပ်ရေးကို အဆင်ပြေစွာ ဆောက်ရွက်နိုင်ရန်လိုအပ်ကြောင်း စစ်မက်ကြောင့် လုပ်ငန်းခွင် ထိခိုက်မှုရှိလာပါက စီးပွားရေးလူမှုရေးနှင့် နေထိုင်စားသောက်ရေး ပိုမိုခက်ခဲကြပ်တည်းသွားနိုင်သောကြောင့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ထားကာ သက်ဆိုင်ရာတာ၀န်ရှိသူများ ညှိနှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ထိုတောင်းဆိုစာတွင် ရေးသားဖော်ပြထားသည်။

 

ထို့ပြင် ဗန်းမော်မြို့နယ်အတွင်းရှိ ရှမ်းနီ၊ တိုင်းနေ စသည့် ရှမ်းတိုင်းရာသားကျေးရွာများအနီး တိုက်ပွဲဖော်ဆောင်နေခြင်းများ ရပ်တန့်ရန်၊ လူထုအားမထိခိုက်စေမည့် နည်းလမ်းများဖြင့် အဖြေရှာကြရန်၊ စိုက်ခင်းများနှင့် ကျေးရွာများအတွင်းသို့ လက်နတ်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုရှောင်ရှားရန်၊ အရပ်သားပြည်သူများသေဆုံးခြင်း ထိခိုက်ဒဏ်ရာရခြင်း သာသနိကအဆောက်အဦးများနှင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီဆုံးရှုံးမှုများ မဖြစ်စေရေ ရှောင်ရှားပေရန်နှင့် လက်နတ်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများကို လူ့အခွင့်အရေးမချိုးဖောက်ရေးဟူ၍ အချက်ငါးချက် ပါသော တောင်းဆိုချက်များကိုလည်း ထည့်သွင်းရေးသားတောင်းဆိုထားသည်။

 

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ မြို့သစ်၊ စီဟက်၊ မိုင်းခတ်၊ မခွယ်ကျေးရွာတို့တွင် ဧပြီ ၁၁ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် ကချင်တပ် (KIA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် အဆိုပါကျေးရွာများမှ ဒေသခံတိုင်းရင်းသားများ စစ်ဘေးတိမ်းရှောင်နေရသည်။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖတ်ပစ်ခတ်မှုများ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံတိုင်းရင်းသားတို့၏ နေအိမ်များနှင့် ဒေသခံများကို ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...