ကျေးရွာများနှင့် ပြည်သူလူထုများ လုပ်ကိုင်စားသောက်သည့်နေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ကျေးရွာများနှင့် ပြည်သူလူထုများ လုပ်ကိုင်စားသောက်သည့်နေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နီးပါး တိုက်ပွားများဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျေးရွာများနှင့် ပြည်သူလူထုများ လုပ်ကိုင်စားသောက်သည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိကြောင်း KNU ကပြောသည်။

စစ်ကောင်စီတပ်များ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်သည့် သူးလေသတင်း၏ (ယနေ့) မေ ၂၅ ရက်ထုတ်ပြန်ထဲတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မေ ၂၄ ရက်က မူတြော်ခရိုင် ဘူးသိုမြို့နယ် ပါဟက်အုပ်စု ကော်ဘောဒဲနယ်မြေအတွင်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် အကြမ်းဖက်စစ်အုပ်စုဖက်မှ သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သူးလေသတင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများနှင့် ဥယျာ်ဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့လက်နက်ကြီးပစ်ခတ်မှုကို ဖာပွန်အခြေစိုက် ခမရ ၁၉ နှင့် ခမရ ၃၄၀ မှ အကြမ်းစစ်အုပ်စု၏ တပ်ဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မူတြော်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်းရှိ ပြည်သူလူထုများ၏ ဥယျာဉ်ခြံအတွင်းသို့ လက်နက်ကြီးခုနစ်လုံး ပစ်ချခဲ့ကာ ခြောက်လုံးပေါက်ကွဲခဲ့ပြီး တစ်လုံး မပေါက်ကွဲခဲ့ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

ထိုပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် မေ ၂၄ ရက်တွင်ပင် စစ်ကောင်စီမှ KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ဃူဘီးထွီးကနေ ကမမောင်းသို့ ကား ၁၃ စီးဖြင့် စစ်အင်အားနှင့်ရိက္ခာများ ပို့ဆောင်ခဲ့သည်ဟု သူးလေသတင်းက ဆိုသည်။

မေ ၂၂ ရက်ကလည်း  KNLA တပ်မဟာ ၃၊ တပ်မဟာ ၅ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ခဲဒိုးအုပ်စု လယ်ပူထာ၊ ဝါမီလူနယ်မြေများအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ သုံးဦးထိခိုက်ကျဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က ပြောသည်။

KNLA၊ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်း တွင်လည်း စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးတော်တော်များများတွင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...