စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေသော်လည်း ပင်းတယပြည်သူများ ဆက်လက်န္ဒေဖော်ထုတ်သွားမည်ဟုဆို

စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေသော်လည်း ပင်းတယပြည်သူများ ဆက်လက်န္ဒေဖော်ထုတ်သွားမည်ဟုဆို
by -
သျှမ်းသံတော်ဆင့်

စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေသော်လည်း ပင်းတယပြည်သူများအနေဖြင့်  အာဏာရှင်အလိုမရှိကြောင်းဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိုသည်။

“ဒီမှာက ဆန္ဒမပြဖြစ်တာကတော့ ကြာပြီ။ မနေ့ကမှ ကျွန်တော်တို့ပြန်ထွက်တာ။ ဟိုအရင်တွေကတော့ ဆိုင်ကယ်သပိတ်တို့တော့ လုပ်ပါတယ်။ ပင်းတယလူငယ်တွေ ခြိမ်းခြောက်ခံရတာ ခုမှမဟုတ်ပါဘူး။ ဆန္ဒစပြကတည်းက ခြိမ်းခြောက်ခံနေရတာပါ” ဟု ပင်းတယလူငယ်တစ်ဦးကပြောသည်။

 

ယနေ့ (မေ ၁၈ ရက်) ပင်းတယမြို့တွင် လူငယ်ငါးဦး ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် ပြည်သူများဆန္ဒမပြရန်နှင့် ဆက်လက်ပြုလုပ်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

 

“ကျွန်တော်တို့ ဒီနေ့ ဆန္ဒပြတဲ့ငါးယောက်ကို ရဲတွေက အိမ်စီးကား အရပ်ဝတ်နဲ့ ကျွန်တော်တို့ကို ဆန္ဒမပြနဲ့။ ဆန္ဒပြရင် ဖမ်းမယ်ဆိုပြီး ပြောသွားတယ်။ ဒလန်တွေတိုင်လို့ ကျွန်တော်တို့ ဆန္ဒပြတဲ့နေရာကို အချိန်အတိအကျ ရဲတွေရောက်လာတယ်” ဟု ပင်းတယမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ 

 

ရှမ်းပြည်နယ်ရှိ မြို့နယ်များတွင် စစ်ကောင်စီအုပ်စုက စစ်အာဏာရှင် အလိုမရှိဆန္ဒပြ၍ မရစေရန် နည်းမျိုးစုံဖိနှိပ်နေကြောင်း၊ လမ်းများတွင်လည်း အရပ်ဝတ်ရဲ၊ စစ်သားများဖြင့် စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ ဆန္ဒပြဖို့က ခက်တယ်ဆိုပေမယ့် ကျွန်တော်တို့ရင်ထဲမှာတော့ စစ်အာဏာရှင်ကို လုံးဝအလိုမရှိဘူး။ မအုပ်ချုပ်စေရဘူး။ ရရာနည်းလမ်းနဲ့ တိုက်ခိုက်သွားမယ်” ဟု ဟိုးပုံမြို့ဒေသခံတစ်ဦးက ပြောသည်။ 

 

ရှမ်းပြည်တောင်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရန်အတွက် လမ်းပေါ်မထွက်နိုင်သော်လည်း လူမဲ့သပိတ်မျိုးစုံဖြင့် ဆက်လက်ဆန္ဒပြနေကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က တိုင်းပြည်အာဏာကိုလုယူပြီးနောက် တစ်နိုင်ငံလုံး ဆန္ဒပြခဲ့ရာတွင် စစ်ကောင်စီဖက်က အကြမ်းဖက်ဖြိုခွင်း၊သတ်ဖျတ်၊ နေအိမ်ထိ လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့သောကြောင့် ပြည်သူများဆန္ဒပြရာတွင် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...