ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ကျေးရွာများမှ ကချင်လူငယ် ၂၉ ဦးကို တနိုင်းဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွင် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
အဆိုပါလူငယ်များသည် မေ ၁၅ ရက် ညနေပိုင်း ၅ နာရီခန့်အချိန်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်ရှိ နောင်းမီကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာနှစ်ခုမှ ကချင်လူငယ်များဖြစ်ကြောင်း နီးစပ်ရာ နောင်းမီဒေသခံတစ်ဦးထံမှ သိရသည်။
“တပ်မဟာ (၂) နယ်မြေဘက်က ဆင်းလာကြတဲ့အချိန် တနိုင်းဒကစမှာ ဖမ်းဆီးလိုက်တယ်လို့ ကြားရတယ်။ လူငယ်တွေက နောင်းမီနဲ့ဝါရာဇွပ်က ၂၉ ယောက်လောက်ရှိတယ်တဲ့။ တိတိကျကျတော့ ကျွန်တော်တို့လည်း မသိရသေးဘူ။ ဆက်စုံစမ်းနေရတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသည့် လူငယ် ၂၉ ဦးမှာ နောင်းမီကျေးရွာမှ ၂၇ ဦးပါဝင်ပြီး ဝါရာဇွပ်ကျေးရွာမှ ၂ ဦးပါဝင်ကြောင်း သိရသည်။
အသေးစိတ်အခြေအနေကို ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
Published
Tuesday, May 18, 2021
လီဒိုလမ်းမပေါ်ကျေးရွာများမှ ကချင်လူငယ် ၂၉ ဦးကို စစ်တပ်ဖမ်းဆီး