ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူတစ်ဦး သေဆုံး

ဟားခါးတွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူတစ်ဦး သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးထားသည့် အသက် ၅၆ နှစ်အရွယ် Pu Tler Ling မှာ ဆေးကုသရန်အတွက် ကလေးမြို့သို့ပို့ဆောင်စဉ်တွင် သေဆုံးသွားကြောင်း သိရသည်။

 

“Pu Tler Ling သေသွားတာဟုတ်တယ်။ အလောင်းက ဟားခါးကို ပြန်မရောက်သေးဘူး။ ဆေးကုဖို့ ကလေးကိုခေါ်သွားတာ ကလေးမရောက်ခင်မှ သေသွားတယ်လို့သိရတယ်။ သူ့ကိုဖမ်းစီးထားစဉ်မှာ နှိပ်ဆက်တာကြောင့် ရတဲ့ဒဏ်ရာကို ကုဖို့ခေါ်သွားရင်းနဲ့ ခုလိုဖြစ်တာလို့ ယူဆရတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

 

သေဆုံးသွားသူ Pu Tler Ling အား မေ ၉ ရက်တွင် ဟားခါးမြို့ နွယ်ချောင်းဘက်တွင်ရှိသည့် လယ်တောယာအိမ်ထဲတွင်ရှိနေစဉ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို မသိရကြောင်း သိရသည်။

 

ချင်းပြည်နယ် ဟားခါးမြို့တွင် CDF-Hakha နှင့် စစ်ကောင်စီတပ်ဖွဲ့များ မေလဆန်းပိုင်းမှစ၍ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လူနေအိမ်များအား ဝင်ရောက်စီးနင်းကာ ပြည်သူများအား ဆက်တိုက်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...