စစ်တွေတက္ကသိုလ် ဆရာ၊ ဆရာမ ၃၅ ဦးကို အကြောင်းမဲ့ပျက်ကွက်နေသည်ဟုဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် စာထဲတွင် ၎င်းဆရာ/ဆရာမ ၃၅ ဦးသည် အကြောင်းမဲ့ပျက်ကွက်နေသဖြင့် ၂၀၂၁ ခုနှစ် မေ ၃ ရက်နေ့မှစ၍ တာဝန် ယာယီရပ်ဆိုင်းလိုက်သည်ဟု ဆိုသည်။
ယာယီ တာဝန်မှရပ်ဆိုင်းခံလိုက်ရသူများအထဲတွင် ဒေါ်ရည်မွန်ဦး (တွဲဖက်ပါမောက္ခ၊ အင်္ဂလိပ်စာဌာန)၊ ဒေါက်တာဝင်းမြိုင် (တွဲဖက်ပါမောက္ခ၊ ပထဝီဝင်)၊ ဦးစစ်သူအောင် (ကထိက၊ အဏ္ဍဝါသိပ္ပံ)၊ ဒေါက်တာ ကျော်မင်းနိုင် (တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာတင်တင်လတ် (ပါမောက္ခ၊ ဒဿနိက)၊ ဒေါ်ယွန်းမှီမှီသင်း (နည်းပြ၊ဒဿနိက)၊ ဒေါက်တာစိုးစိုးသင်း (တွဲဖက်ပါမောက္ခ၊ ရူပဗေဒ)၊ ဒေါက်တာသူဇာအေး (ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မာယာ (တွဲဖက်ပါမောက္ခ၊ မြန်မာစာ)၊ ဒေါက်တာခင်မြင့်အေး (ပါမောက္ခ (ဌာနမှူး)၊ ပထဝီဝင်) စသည့် ဆရာ/ဆရာမများ အပါအဝင် ၃၅ ဦးဖြစ်သည်။