ဟားခါးမြို့တွင် စစ်ကောင်စီတပ်က နေအိမ်များသို့ ဝင်ရောက်စီးနင်းပြီး လူခုနစ်ဦးကို ဖမ်းဆီးသွားသည့်အပြင် အိမ်တစ်အိမ်မှ ငွေကျပ် ၁၀ သိန်းနှင့်ပစ္စည်းများအား အဓမ္မယူဆောင်သွား

ဟားခါးမြို့တွင် စစ်ကောင်စီတပ်က နေအိမ်များသို့ ဝင်ရောက်စီးနင်းပြီး လူခုနစ်ဦးကို ဖမ်းဆီးသွားသည့်အပြင် အိမ်တစ်အိမ်မှ ငွေကျပ် ၁၀ သိန်းနှင့်ပစ္စည်းများအား အဓမ္မယူဆောင်သွား

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ ဟားခါးထာရ်ရပ်ကွက်ရှိ နေအိမ်များအား မေ ၆ ရက် ညနေပိုင်းတွင် ဝင်ရောက်စီးနင်းရှာဖွေပြီး ပါစတာတစ်ဦးအပါအဝင် အမျိုးသားခုနစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

“ပါစတာတစ်ယောက်နဲ့ လူငယ်ခြောက်ယောက်လို့ဘဲကြားတယ်။ အဲ့တာတောင် အတိအကျသိပ်မသိကြဘူး။ ဒီနေ့မနက်က စစ်ကားနှစ်စီး ရဲကားအကြီးနှစ်စီး ကားအသေး မီးတန်းကားနှစ်စီးနဲ့ ပတ်တယ်လို့တော့ကြားတယ်။ လူအင်အားများတယ်လို့ပြောတယ်” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

 

အဆိုပါပြည်သူများကို စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ အဖမ်းခံရသူပါစတာမှာ ဆရာတော် Sang Awi ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် စစ်ကောင်စီတပ်က နေအိမ်များအား အတင်းအဓမ္မ ဝင်ရောက်စီးနင်းရှာဖွေရာတွင် Hnairlawn ရွာသစ်ရှိ နေအိမ်တစ်အိမ်မှ ငွေကျပ် ၁၀ သိန်းနှင့် ပစ္စည်းများအား သိမ်းဆည်းယူဆောင်သွားကြောင်း သိရသည်။

 

"နေ့လည်ပိုင်း စစ်ကောင်စီဘက်က နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေတာမှာ သူတို့သား မင်္ဂလာဆောင်မှာရထားတဲ့ လက်ဖွဲ့ငွေဆယ်သိန်းနှင့် ပစ္စည်းကောင်းတာတွေကို ရွေးပြီးယူသွားတယ်၊ အိမ်သားတွေက တစ်ယောက်မှမရှိလို့ အဖမ်းတော့မခံလိုက်ရဘူး၊ ပြီးတော့ သူတို့အိမ်မှာ ဘာဗုံးမှလည်းမရှိဘဲနဲ့ ဗုံးတွေ့တယ်ဆိုပြီး ရဲတွေက စွပ်ဆွဲသွားသေးတယ်" ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

 

Hnairlawn ရွာသစ်မှာ ဟားခါးမြို့ရှိ ဟားခါးထာရ်ရပ်ကွက်နှင့် ထိစပ်နေသည့်ရွာဖြစ်ပြီး အိမ်ခြေ ၃၀ ခန့်ရှိကြောင်း သိရသည်။

 

ဟားခါးမြို့တွင် မေ ၄ ရက်နေ့ညပိုင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ အင်းဝဘဏ်အနီးရှိ နေအိမ်တစ်အိမ်မှ လူသုံးဦးအား မေ ၅ ရက်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...