Published
Thursday, April 29, 2021
CDM ဝန်ထမ်းများကို လစာပုံမှန်ပေးရန် NUG အစိုးရ ဘတ်ဂျက်လျာထား
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ Cabinet အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘက်ဂျက်လျာထားချက်တွင် CDM ဝန်ထမ်းများကို မူရင်းလစာအတိုင်း လစဉ်ပုံမှန်ပေးအပ်သွားရန် အစီအစဉ်လည်း ပါဝင်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ဝန်ကြီးဌာန အသီးသီးဖွဲ့စည်းပြီးနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်မှ ဘက်ဂျက်လျာထားချက်များ ဦးဆောင်ရေးဆွဲလျက်ရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။