မင်းတပ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်ခတ်မှုဆက်လက်ဖြစ်ပွား

မင်းတပ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ချင်းပြည်နယ် မင်းတပ်မြို့တွင် ယနေ့ (ဧပြီ ၂၇ ရက်) နံနက်ပိုင်းစ၍ အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

 

ကျောက်ထုဘက်မှ မင်းတပ်မြို့သို့ စစ်ကူအဖြစ်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်းတပ်-ကျောက်ထုအကြား ထင်ချောင်းလမ်းခွဲအနီးတွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံတစ်ဦးက ပြောသည်။

 

“ကျောက်ထုဘက်ကနေ စစ်ကား ၇ စီးလောက် စစ်ကူတက်လာတယ်၊ ထင်ချောင်းလမ်းခွဲအပေါ်နားလေးမှာ ဒီမနက်မှာ ပစ်ခတ်မှုထပ်ဖြစ်တယ်၊ ခုထိဖြစ်နေတယ်လို့ကြားရတယ်" ဟု မင်းတပ်ဒေသခံကပြောသည်။

 

မင်းတပ်မြို့တွင် ယမန်နေ့ညနေပိုင်းကလည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး စစ်ကားနှစ်စီးနှင့် ရဲကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...