လွိုင်လင် ရင်ကွဲတောင်အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

လွိုင်လင် ရင်ကွဲတောင်အနီး RCSS/SSA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အကြမ်းဖက်စစ်ကောင်စီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

 

အဆိုပါနှစ်ဖွဲ့တို့သည် ဧပြီ ၂၅ ရက် ည ၁၁ ကျော်အချိန်တွင် မိုင်းပွန်မြို့အသွားလမ်းနှင့် လွိုင်လင်ရင်ကွဲတောင်အနီးရှိ ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 

“မြေပြင်အသေးစိတ်အချက်လက်တော့ မသိရသေးဘူး။ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်တာပဲ။ ထိတွေ့မှုဖြစ်သွားတာပါ” RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

 

ယေနေ့ မြေပြင်အခြေအနေ RCSS/SSA  နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယမန်နေ့ ည (၁၁) နာရီ ထိတွေ့မှုဖြစ်ပွားပြီးနောက် တောင်ကြီးမြို့နယ်ရှိ ဟိုပုံးလမ်း (၇) မိုင်တွင် စစ်ကားများ တပ်ရင်းအများအပြား တပ်စွဲထားကြောင်းလည်း အဝေးပြေးကားဆရာတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

 

“ဒီမနက်မှာ ဟိုပုံလမ်း (၇) မိုင်မှာ စစ်သားတွေရော စစ်ကားတွေရော အများကြီးပဲတပ်စွဲထားတယ်။ လမ်းသွားလမ်းလာလည်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” ဟု ကားသမားတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

 

ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင်လည်း သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းတွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းတွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲအတွင်းတို့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

ဧပြီ (၂၁) ရက်တွင် မြန်မာ-ထိုင်း နယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ်အနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA ကင်းစခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် ငါးကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...