ဟုမ္မလင်းမြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းပေါက်ကွဲ

ဟုမ္မလင်းမြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မိုင်းပေါက်ကွဲ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်လုပ်မိုင်းပေါက်ကွဲမှု ဧပြီလ ၂၄ ရက် ည ၈ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ညက ပေါက်တာတော့ဟုတ်တယ်။ အုပ်ချုပ်ရေးမှုးရုံးမှာ ခုမနက်ပိုင်းတော့ အခြေအနေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ရဲတွေစစ်သားတွေလုံခြုံရေးယူထားတာတွေ မတွေ့ရပါဘူး” ဟု ဟုမ္မလင်းမြို့ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါပေါက်ကွဲကြောင့် လူအထိအခိုက်မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ ၂၄ ရက် တစ်ရက်တည်းတွင် ဟုမ္မလင်းမြို့၌ လက်လုပ်မိုင်းသုံးလုံး ပေါက်ကွဲကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း အုပ်ချုပ်ရေးမှုးရုံးတွင်းပေါက်ကွဲမှုဖြစ်စဉ်မှအပ ကျန်မိုင်းနှစ်လုံးပေါက်ကွဲမှုကို အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

ဟုမ္မလင်းမြို့နယ်သည် အင်တာနက်လိုင်းများ ဖြတ်တောက်ထားခံရသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...