စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းမရှိသောကြောင့် မိုးညှင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတစ်ချို့ပါ ရပ်ဆိုင်းနေကြောင်း သိရသည်။
“တစ်ချို့ကတော့ အစိုးရက ပိုက်ဆံချမပေးတာရယ်၊ တစ်ချို့တွေက ဘဏ်တွေပိတ်ထားတာတွေရယ်ကြောင့် နားထားရတယ်။ တစ်ချို့ဘဏ်ကထုတ်ပေးတယ်။ အကောင့်တစ်ခုကို တစ်ခါထုတ်ရင် ငါးသိန်းနှုန်းနဲ့ဆိုပြီး ကန့်သက်ချက်နဲ့ ထုတ်ပေးတာဆိုတော့ လုပ်ငန်းလုပ်ကိုင်တဲ့လူတွေက အခတ်အခဲဖြစ်တာပေါ့။ ကျွန်တော်တို့ကုမ္မဏီဆိုရင်လဲ တစ်ချို့လုပ်ငန်းတွေ နားထားရတယ်။ အစိုးရကလည်း ပိုက်ဆံမချပေးနိုင်ဘူးလေ" မိုးညှင်းအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။
မိုးညှင်းမြို့တွင် ဘဏ်များသာမက ပုဂ္ဂလိက ငွေထုတ်ငွေသွင်းလုပ်ငန်းများပါ ၀င်ငွေစီးဆင်းမှု နှေးကွေးခြင်းများကြောင့် ငွေထုတ်ပေးနိုင်ခြင်းမရှိတော့ပဲ အရေးကြီးသည့် ငွေထုတ်ယူလိုသူများကို မြို့တွင်းရှိငွေများဖြင့်သာ ထုတ်ပေးမှုပြုလုပ်နေရကြောင်း သိရသည်။
“ကျွန်မတို့က ထုတ်တဲ့လူပဲများနေတာ လွဲတဲ့သူသိပ်မရှိတော့ အကောင့်ထဲမှက ပိုက်ဆံကရှိနေတယ်။ လက်ထဲမှာ ပိုက်ဆံကမရှိတော့ဘူး။ အရေးကြီးထုတ်ချင်တဲ့သူ အရေးပေါ်ဆိုရင်တော့ ကျွန်မမတို့မြို့ထဲက အခြားလုပ်ငန်းကရတဲ့ ငွေနဲ့ပဲ ထုတ်ပေးနေရတယ်“ ဟု ပုဂ္ဂလိက ငွေလွဲငွေထုတ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
စစ်တပ်မှအာဏာသိမ်းခဲပြီး သုံးလခန့်ကြာမြင့်ပြီဖြစ်သော်လည်း ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းနေပြီး ယခင်က ATM စက်များဖြင့် ငွေထုတ်ယူနိုင်သော်လည်း ယခုနောက်ပိုင်းတွင် ATM စက်များတွင်လဲ ငွေကြေးမရှိခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။