မူဆယ်မြို့ ဆန္ဒပြသူ ၂၇ ဦးထက်မနည်း ဖမ်းဆီးထားခံရ

မူဆယ်မြို့ ဆန္ဒပြသူ ၂၇ ဦးထက်မနည်း ဖမ်းဆီးထားခံရ
by -
သျှမ်းသံတော်ဆင့်

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယနေ့အချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အနည်ဆုံးဖမ်းဆီးခံရသူ  ၂၇ ဦးရှိကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ ရသလောက် စာရင်းကောက်ထားတော့ မူဆယ်မြို့မှာ ဆန္ဒပြတဲ့လူငယ်တွေ ၂၇ ယောက်လောက်ရှိပြီ ရဲနဲ့စစ်တပ်တွေက ဖမ်းသွားတာ။ ဒီထက်များနိုင်တယ်။ ကျွန်တော်တို့ စာရင်းမကောက်နိုင်တာလည်း ကျန်နိုင်သေးတယ်” ဟု လူမှုကူညီရေးလုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။ 

 

အဆိုပါ ဖမ်းဆီးခံသွားသော ၂၇ ဦးသည် မူဆယ်မြို့ ရဲစခန်းရှိ အချုပ်ခန်းတွင်ထားရှိကြောင်း သိရသည်။

 

မူဆယ်မြို့တွင် စစ်အာဏာရှင်ကျဆုံးရေးတွင် ပါဝင်သည် အမျိုးသားနှစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီက သေနတ်ပစ်သတ်ခဲ့ကြောင်းနှင့် ထို ၂ ဦးတွင် (၁၅) နှစ်အရွယ် ကျောင်းသားတစ်ဦးပါဝင်သည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏လက်ချက်ကြောင့် သေဆုံးသူ တစ်နိုင်ငံလုံးတွင် ၇၃၈ ဦးရှိကြောင်း AAPP ၏ထုတ်ပြန်ချက် အရ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...