ဝိုင်းမော်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ခဲပစ်သပိတ်

ဝိုင်းမော်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ခဲပစ်သပိတ်
by -
မွန်းမွန်းပန် (MNJ)

ဝိုင်းမော်မြို့ပေါ်တွင် ခဲပစ်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။



 

အဆိုပါမြို့တွင် ခဲပစ်သပိတ်ကို လူငယ်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ် ၃၀ ရက်က ပြလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခဲပစ်သပိတ်ဆိုသည်မှာ ကျောက်တုံးများပေါ်တွင် မိမိတို့ခံစားနေရသည်များ၊ မိမိတို့ မကြိုက်နှစ်သက်သည့် အမည်များကိုရေး၍ ရေထဲသို့ ပစ်ချခြင်းဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းဖြင့် မိမိမနှစ်သက်သည့်အရာများ မည်သည့်အခါမှ ပြန်ပေါ်မလာစေရန် ရည်ရွယ်၍ ပြလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝိုင်းမော်လူငယ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။



 

"ခဲပစ်သပိတ် လုပ်ရခြင်းအကြောင်းအရင်းက ဒီလေးလံတဲ့ကျောက်တုန်းတွေမှာ ကိုယ်ခံစားနေရတဲ့အကြောင်း အရာတွေရေးမယ်။ ကိုယ်မကြိုက်တဲ့သူတွေရဲ့နာမည်တွေရေးပြီး ဒီရေထဲမှာ ပစ်ထည့်လိုက်တာပေါ့။ ဒီလိုပစ်ထည့်တဲ့အရာတွေ ဘယ်တော့မှ ပြန်မပေါ်လာဖို့ မခံစားရဖို့ ရည်ရွယ်ချက်နဲ့လုပ်ဖြစ်တာပါ" ဟု ၎င်းကပြောသည်။ 

 

ဝိုင်းမော်မြို့လူငယ်များမှ စစ်အာဏာရှင်ဆန့ကျင်ကြောင်း နေ့စဉ် ပုံစံမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...