မြန်မာစစ်ဘေးရှောင်များကိုပြန်ပို့ရန် အိန္ဒိယဗဟိုအစိုးရ၏ညွှန်ကြားမှု လုံးဝလက်ခံနိုင်စရာရှိဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းပြော

မြန်မာစစ်ဘေးရှောင်များကိုပြန်ပို့ရန် အိန္ဒိယဗဟိုအစိုးရ၏ညွှန်ကြားမှု လုံးဝလက်ခံနိုင်စရာရှိဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းပြော

မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များကို ဖမ်းဆီးပြီးပြန်ပို့ရန် အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားလာသည့်အပေါ် လုံးဝလက်ခံနိုင်စရာမရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း Pu Lalthanhawla က ပြောသည်။

 

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် လက်ရှိ Mizoram Pradesh Congress Committee (MPCC) ပါတီဥက္ကဌ Pu Lalthanhawla က “မြန်မာစစ်ဘေးရှောင်များစွာ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိနေပြီဖြစ်တယ်။ ယခုလို ထွက်ပြေးခိုလှုံလာသော စစ်ဘေးရှောင်များကို အိန္ဒိယနိုင်ငံ လက်ရှိအစိုးရ BJP အစိုးရအနေနဲ့ အကာအကွယ်ပေးမဲ့အစား ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ဖို့ ညွှန်ကြားလာတာဟာ လုံးဝလက်ခံနိုင်စရာအကြောင်း မရှိဘူး” ဟု ပြောသည်။

 

ထို့ပြင် မီဇိုရမ်ပြည်နယ် လက်ရှိအစိုးရ MNF ပါတီအနေဖြင့် ဗဟိုအစိုးရ၏ညွှန်ကြားလာသည့်အတိုင်း လုပ်ဆောင်ခြင်းမပြုဘဲ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာသော စစ်ဘေးရှောင်များကို အကာအကွယ်ပေးရန်နှင့် ကူညီထောက်ပံ့မူများလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် NGO အဖွဲ့အစည်းအသီးသီးတို့၏ လုပ်ဆောင်ချက်များကို အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ပေးသွားရန် မီဇိုရမ်အစိုးရကို တောင်းဆိုခဲ့ကြောင်း ဒေသထုတ် ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။

 

မြန်မာစစ်တပ်အနေဖြင့် အာဏာကို မဟုတ်မမှန်အသုံးပြုပြီး ပြည်သူလူထုက ရွေးကောက်တင်မြောက်သည့်ပါတီကို အဓမ္မအာဏာသိမ်းသည့်အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ပြုလုပ်လာသည့်လုပ်ရက်အပေါ် ရှုံ့ချကြောင်းနှင့် ပြည်သူအစိုးရ ပေါ်ပေါက်နိုင်ရေးအတွက် သတ္တိရှိရှိဆန္ဒပြခဲ့ကြသည့် ပြည်သူလူထုကို ထောက်ခံကြောင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိနိုင်ရေးအတွက် လှုပ်ရှားရာ၌ ကျဆုံးသွားသော အာဇာနည်များတွင် ဇိုး (ချင်း) မျိုးနွယ်စုလူမျိုးများလည်း ပါဝင်နေသည့်အပေါ် အထူးဝမ်းနည်းကြောင်း ယခုလို ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများသည် မိမိနိုင်ငံအတွက် အသက်ပေးခဲ့ကြသူများဖြစ်သည့်အတွက် လေးစားရိုသေဂုဏ်ပြုကြောင်း Pu Lalthanhawla က ဆက်ပြောပါသည်။

 

မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သော People’s Conference Party က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရန် ပါတီစုံအစည်းအဝေးခေါ်ဆိုရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga ထံ တောင်းဆိုခဲ့ကြသည်။

 

အဆိုပါတောင်းခံစာတွင် မြန်မာနိုင်ငံ ပြည်တွင်းအဖြစ်အပျက်များကြောင့် မီဇိုရမ်ပြည်နယ်ကို မြန်မာစစ်ဘေးရှောင်များစွာ ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် နောက်ထပ်ဝင်လာမည့်အနေအထားတွင် ရှိနေသည့်အတွက် မြန်မာစစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရေး အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည့်အတွက် ဝန်ကြီးချုပ်အနေဖြင့် ပါတီစုံအစည်းအဝေးခေါ်ပြီး ဆွေးနွေးမှုများလုပ်ဆောင် သင့်ကြောင်း ဖော်ပြထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...