မြစ်ကြီးနား အမှတ် (၁) ရဲစခန်းအနီး ပေါက်ကွဲဖြစ်

မြစ်ကြီးနား အမှတ် (၁) ရဲစခန်းအနီး ပေါက်ကွဲဖြစ်
by -
မွန်းမွန်းပန် (MNJ)

မြစ်ကြီးနားမြို့ရှိ အမှတ် (၁) ရဲစခန်းအနီးတွင် ယနေ့ (မတ် ၂၉ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုကြောင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုမှာ အသံဗုံးဟုယူဆရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ 

 

“မီးခိုးထွက်တာတော့ မြင်လိုက်တယ်။ ၁၂ နာရီလောက်မှာ? မီးခိုးတွေထွက်၊ ရဲတွေက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အပြင်မှာ ပတ်ကြည့်နေတယ်။ ဆိုင်တွေကိုရော ပိတ်ခိုင်းလိုက်တယ်။ အသံကတော့ အကျယ်ကြီးပဲ။ အမှတ် (၁) ရဲစခန်း အရှေ့နားမှာ၊ အသေးစိတ်တော့ မမြင်လိုက်ဘူး။ ဖြစ်တဲ့နေရာမှာ ရဲတွေစုပြီး အကုန်ထွက်လာကြတာ” ဟု ၎င်းကဆိုသည်။ 

 

ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ပြီးနောက် ရဲများက အနီးအနားရှိဆိုင်များကိုပိတ်ခိုင်းကာ ပတ်ကြည့်နေကြောင်း မျက်မြင်တွေ့ရှိသူက ဆိုသည်။

 

ထို့ပြင် မတ် ၂၈ ရက် ည ၈ နာရီအချိန့်ကလည်း မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက် AG (ဧဝံဂေလိ) ကျမ်းစာကျောင်းအနီးတွင် အရပ်ဝတ်ဖြင့် လူနှစ်ဦးက သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့သေးကြောင်း သိရသည်။

 

“ကျွန်တော်ရှေ့မှာပဲပစ်သွားတာမို့လို လန့်သွားတာပဲ ဒီညတစ်ညလုံး အိပ်လို့တောင်ပျော်မှာမဟုတ်တော့ပါဘူးဗျာ” ဟု ၎င်းကပြောသည်။

 

အဆိုပါ ပစ်ခတ်သူနှစ်ဦးသည် အင်ဂျန်ဒုံ ထင်းစည်းရုပ်ထုဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်သွားကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...