မိုးညှင်းတွင် စစ်တပ်က ပစ်ခတ်ကြောင့် ကျဆုံးခဲ့သော ဆန္ဒပြပြည်သူနှစ်ဦး၏ နာရေး လူထောင်ချီလိုက်ပါပို့ဆောင်

မိုးညှင်းတွင် စစ်တပ်က ပစ်ခတ်ကြောင့် ကျဆုံးခဲ့သော ဆန္ဒပြပြည်သူနှစ်ဦး၏ နာရေး လူထောင်ချီလိုက်ပါပို့ဆောင်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့သည့်  ဦးဝင်းဆွေ နှင့် နည်းပညာ တက္ကသိုလ်ကျောင်းသား ကိုစိုးနိုင်ထွန်း၏နာရေးကို လူထောင်ပေါင်းများစွာ မြို့လုံးကျွတ် လိုက်လံပို့ ဆောင်ခဲ့ ကြကြောင်းသိရသည်။

            မက် ၂၅ ရက် မနက်ပိုင်းကဖမ်းဆီးခံထားရသူ ၁၇ ဦးကို ပြန်လည်လွတ်မြောက်ရေးအတွက် မိုးညှင်းမြို့ရဲစခန်းအနီးတွင် စုဝေးနေစဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အဆိုပါ နှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ဦးထက်မနည်းရှိခဲ့သည်။

            " မနက်ပိုင်းဆန္ဒပြဖို့လူစုနေတုန်းမှာ လာဖမ်းသွားတယ် ၁၇ ယောက်ပါသွားတယ်။ အဲတာကို ပြန်လွှတ်ပေးဖို့ မိုးညှင်းရဲစခန်းရှေ့မှာ ဆရာတော်တွေ လူကြီးတွေက ညှိနှိုင်းဖို့လုပ်နေကြတဲ့အချိန်မှာ စစ်ကားတစ်စီးရောက်လာပြီး တန်းပစ်တော့တာ" ဟု အဆိုပါ ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

            ဦး၀င်းဆွေသည် ပြေးလွှာနေစဉ်စစ်တပ်မှပစ်ခတ်လိုက်သည့် ကျည်၀မ်းဗိုက်ဖောက်ထွက် ဒဏ်ရာ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး နည်းပညာတက္ကသိုလ်ကျောင်းသား  ကိုစိုးနိုင်ထွန်းမှာမူ မိုးညှင်းမြို့ မိုးဒါစုတံတားတွင် ပုန်းခိုနေစဉ်သတင်းပေးတစ်ယောက်က ညွှန်ပြခဲ့ခြင်းကြောင့် တွေ့ရှိသွားကာ စစ်တပ်က လာရောက် ပစ်ခတ်ဖမ်းစီးခဲ့သဖြင့် ကိုစိုးနိုင်ထွန်းမူ ဦးခေါင်းထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ အတူ ပုန်ခိုနေသူတစ်ဦး လည်း  ဒဏ်ရာရရှိက ဖမ်းဆီခံခဲ့ရကြောင်းသိရသည်။

             ကိုစိုးနိုင်ထွန်းသည် မြစ်ကြီးနား နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ပြင်ပဆက်ဆံရေး တာဝန်ခံ တစ်ဦးဖြစ်ကြောင်း နှင့် ၎င်းကို ထာဝရသူရဲကောင်းအဖြစ် လေးစားမှတ်တမ်းတင်သည်ဟု  မြစ်ကြီးနားနည်းပညာတက္ကသိုလ် ကျောင်းသားမဂ္ဂက ထုတ်ပြန်ထားသည်။

            မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှာမှုများကို နှစ်ငါးလုံးအရေးတော်ပုံမ တိုင်ခင် မှစတင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးပစ်ခတ်ဖြိုခွင်းမှုများနှင့် ပိတ်ဆို့မှုများရှိခဲ့ပြီး မတ် ၂၅ ရက်မတိုင်ခင်အထိ သေဆုံးမှုမရှိခဲ့သော်လည်း ပစ်ခတ်ဖြိုခွင်းမှု ကြောင့် သေဆုံးသူ နှစ်ဦး နှင့် ဒဏ်ရာရှိသူ နှစ်ဦးရှိခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...