ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးကို အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။
ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသူများမှာ မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း အောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဟုန်းနိုင်း၊ သစ်တော်ဦးစီးဌာနမှ တောအုပ်ကြီး ဦးလောထန်း၊ မင်းတပ်ပြ ည်သူ့ဆေးရုံမှ ဒေါက်တာမေသူအောင်၊ မင်းတပ်အရပ်ဘက်အဖွဲ့အစည်းမှ ဦးဆောင်သူများဖြစ်ကြသော ဆလိုင်းမာန်အွမ်နှင့် ကိုထိန်းခင်တို့ဖြစ်ကြပြီး ၎င်းတို့၏ဓာတ်ပုံများကို မင်းတပ်မြို့လူစည်ကားရာနေများတွင် ကပ်ထား ကြသည်ဟု သိရသည်။
“ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အုပ်စုကို ဆန့်ကျင်ရှုတ်ချတယ်၊ ပြည်သူ့အာဏာပြည်သူ့ထံပြန်ရဖို့ လှုပ်ရှားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုတရားစွဲထားတဲ့ ၅၀၅ (က) နဲ့ က ဆိုင်ကိုမဆိုင်ဘူး’’ ဟု ဆလိုင်းမာန်အွမ်က ပြောသည်။
အလားတူ မတူပီမြို့နယ်တွင်လည်း ကျန်းမာရေးဝန်ထမ်းဒေါ်ငိုဒေါ နှင့် ပညာရေးဝန်ထမ်း ဦးခိုင်ဆာတို့ကို ယနေ့မတ်လ ၂၄ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားကြောင်းသိရသည်။
Published
Sunday, March 28, 2021
မင်းတပ်တွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအဝင် လူဦး ခြောက်ဦးကို ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်း ထုတ်