အသုဘဖိတ်စာဝေနေစဉ် ဖမ်းဆီးခံလိုက်ရသည့် GTU ကျောင်းသား သုံးဦး ပြင်းထန်စွာရိုက်နှက်ခံရ

အသုဘဖိတ်စာဝေနေစဉ် ဖမ်းဆီးခံလိုက်ရသည့် GTU ကျောင်းသား သုံးဦး ပြင်းထန်စွာရိုက်နှက်ခံရ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ဖမ်းဆီးခံလိုက်ရသည့် GTU ကျောင်းသား သုံးဦး ပြင်းထန်စွာရိုက်နှက် ခံရကြောင်း ဒေသခံများထံမှ သိရသည်။

 

“အဲမှာမြင်လိုက်တဲ့သူတွေပြောတာတော့ ရဲကားနဲ့အရင် ဝင်ပိတ်ပြီးမှ လက်ကမ်းစာဝေနေတဲ့ကျောင်းသား ခုနစ် ဦးကို လိုက်ဖမ်းတာတဲ့ အဲမှာ သုံးယောက်ဖမ်းမိသွားတယ်လို့ သိရတယ်။ ပြီးတော့ ဖမ်းတဲ့ချိန်မှာလည်း အရမ်းကို ရိုက်နှက်ပြီး ခေါသွားကြတယ်လို့ပြောတယ်”ဟု အာရုံဦးသပိတ်စစ်ကြောင်းတွင် ပါဝင်သည့်ဒေသခံ တစ်ဦးက ပြောသည်။

 

ဖမ်းဆီခံရသည့် GTU ကျောင်းသား သုံးဦးမှာ ‌မောင်စိုင်းလင်းထက်ကျော်၊မောင်သိန်း ငွေ၊မောင်နန်ဂျာရော် တို့ဖြစ်ပြီး မောင်စိုင်းလင်းထက်ကျော်ကိုမူ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

 

ဖမ်းဆီးခံလိုက်ရသည့် GTC ကျောင်းသား သုံးဦးသည် မတ် ၂၄ရက် မနက် ၆နာရီခန့်တွင် မင်းအောင်လှိုင်၏ အသုဘဖိတ်စာဝေနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

 

“ပင်မသပိတ်စစ်ကြောင်းဘက်တော့ မလာဘဲနဲ့ မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေတဲ့ဘက်ကို တန်းသွားပြီး ဖမ်းတာဆိုတော့ ဒလန်သတင်းပေးတွေကြောင့်ဘဲ နေမှာပါ”ဟု ဒေသခံများကပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...