မော်လမြိုင်တွင် CDM လုပ်ဆောင်သည့် မီးရထားဝန်ထမ်းများကို လိုင်းခန်းကနေ အဓမ္မပြောင်းရွှေ့ခိုင်း

မော်လမြိုင်တွင် CDM လုပ်ဆောင်သည့် မီးရထားဝန်ထမ်းများကို လိုင်းခန်းကနေ အဓမ္မပြောင်းရွှေ့ခိုင်း
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် CDM လှုပ်ရှားမှု၌ပါဝင်သော မီးရထားဝန်ထမ်းလိုင်းခန်း နေထိုင်သူများကို အာဏာသိမ်းစစ်ကောင်စီက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းမှု ယနေ့ (မတ် ၂၃ ရက်) နံနက်ပိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ CDM လှုပ်ရှားမှု၌ ပါဝင်သော မီးရထားဝန်ထမ်းလိုင်းခန်း နေထိုင်သူများ ပြောင်းရွှေ့မှုနှင့်ပတ်သက်၍ ယနေ့နံနက် ၉ နာရီခန့်တွင် ရဲအင်အား ၁၀၀ ခန့်က လာရောက်စောင့်ကြည့်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

 

ထိုသို့ ပြောင်းရွေ့ခိုင်းတာကြောင့် မီရထားဝန်ထမ်းများနှင့် မိသားစုများက နီးစပ်သည့် အသိမိတ်‌‌ဆွေများထံ ယာယီပြောင်းရွေ့နေထိုင်နေရကြောင်း သိရသည်။

 

ထို့ပြင် CDM ပြုလုပ်နေသည့် မီးရထားဝန်ထမ်းများ ပြောင်းရွေ့မှုအဆင်ပြေစေရန်အတွက် မော်လမြိုင်မြို့ရှိ ပြည်သူများက သွားရောက်ကူညီခဲ့ကြောင်းတွေ့ရသည်။

 

အဆိုပါ လိုင်းခန်းမှာတော့ အိမ်ထောင်စု ၁၀ စုထက်မနည်းရှိပြီး သက်ကြီးရွယ်အိုတွေနှင့် ကလေးတွေလည်း အမြောက်အများရှိတာကို တွေ့ရသည်။

 

မော်လမြိုင်မြို့ရှိ မီးရထားဝန်ထမ်းတွေက အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး CDM လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...