မိုးကုတ်မြို့တွင် တပ်က သန်းခေါင်ယံအချိန်တွင် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး

မိုးကုတ်မြို့တွင် တပ်က သန်းခေါင်ယံအချိန်တွင် လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး

မိုးကုတ်မြို့ လယ်ဦးရပ်ကွက်တွင် တပ်က မတ် ၁၉ ရက်နေ့ သန်းခေါင်အချိန်တွင် လာရောက်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်သည့် ကိုနိုင်လင်းအောင်က ဦးခေါင်းတွင် ပစ်ခတ်ခံခဲ့ရသည်။

ထို့ပြင် ပစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးမှာလည်း စိုးရိမ်ရသည့်အခြေအနေရှိနေကြောငိးသိရသည်။

ကင်းစောင့်နေသည့် အချိန်တွင် တပ်အင်အား ငါးဆယ်ကျော်ခန့်က အရပ်ဘက်သုံးကားများဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရသိရသည်။

ပစ်ခတ်မှုမှာ ၄၅ မိနစ်ကြာခဲ့ပြီးနောက် တပ်က ပြန်လည်ဆုတ်ခွာခဲ့သည်။

Most read this week

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...