ကချင်ပြည်နယ်ရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌများနှင့် အတွင်းရေးမှူးများကို မတ် ၁၇ ရက် မနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
၎င်းတို့အား စစ်ကောင်စီအဖွဲ့မှ ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းတွင် ဖမ်းဆီးသွာခဲ့ခြင်းဖြစ်ပြီး တစ်လကျော်ကြာ ဖမ်းဆီးထားပြီးနောက် ယခုလိုပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။
“သူတို့ကငါတို့ကို ခေါ်ထားပြီးတော့ နီးစပ်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့ ရိပ်သာတွေမှာ ထားထားတာလေ။ ငါတို့ကို ဖမ်းထားတာမဟုတ်ဘူး။ ချုပ်ထားတာမဟုတ်ဘူး။ သူတို့ကပြန်လို့ရပြီဆိုလို့ ပြန်လာတာပါ။ သူတို့က လွှတ်ပေးတာမဟုတ်ဘူး။ လွှတ်ပေးတယ်ဆိုတာက ဖမ်းထားမှလေ။ အခုက ပြန်ခိုင်းလို့ပြန်လာတာ” ဟု ပြည်နယ်ရွေးကောက်ပွဲကောင်မရှင် အဖွဲ့ခွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။
ဥက္ကဌနှင့် အတွင်းရေးမှူးများကို ကောင်းမွန်စွာနေထိုင်၊ ကျွေးမွေးထားပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့က သိလိုသည်များကို ကောင်းမွန်စွာမေးမြန်းပြီးနောက် ပြန်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
ကချင်ပြည်နယ်က ရွေးကောင်ပွဲကောင်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူး၊ ခရိုင်လေးခုမှ ဥက္ကဌလေးဦးနှင့် အတွင်းရေးမှူး လေးဦး၊ မြို့နယ် ၁၈ ခုက ဥက္ကဌ ၁၈ ဦးနှင့် အတွင်းရေးမှူး ၁၈ ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Published
Sunday, March 21, 2021
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌများနှင့် အတွင်းရေးမှူးများကို ပြန်လွှတ်