၄၉၄ ကြိမ်မြောက် ရှမ်းနီအမျိုးသားနေ့အား ကြိုဆိုသောအားဖြင့် အင်းတော်ကြီးဒေသမှ လူငယ်များက စစ်အာဏာရှင်ဆန်ကျင်ရေးဆန္ဒပြမှုတွင် ပါ၀င်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
ရှမ်းနီအမျိုးသားနေ့ဆိုတော့ အထိမ်းအမှတ်အနေနဲ့လုပ်ဖြစ်တာပါ အခုနိုင်ငံေရးအခြေအနေက တော်လှန်ရေးကာလလဲဖြစ်နေတာဆိုတော့ ရှမ်းနီအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးမှာ ရှမ်းနီလူငယ်အထွေထွေသပိတ်စစ်ကြောင်းအဖြစ်ပါ၀◌င် ဖြစ်တာဖြစ်ပါတယ်” ဟု ဦးဆောင်ဆန္ဒပြခဲ့သည့် လူငယ်တစ်ဦးကပြောသည်။
အဆိုပါ စစ်အာဏာရှင်တော်လှန်ရေး ရှမ်နီလူငယ်သပိတ်စစ်ကြောင်းကို အင်းတော်ကြီးဒေသ နမ့်မွန်း မြို့မှ ပူးပေါင်းပါ၀င်ခဲ့ခြင်းဖြစ်ပြီး နမ့်မွန်းမြို့၊ မိုင်းနောင်၊ နမ့်ပဒဲ့၊ ကုန်းမန၊ ညောင်ပင် အနီးပတ်၀န်းကျင်မှ ၅ ရွာမှ ရှမ်းနီလူငယ်များမှ ပါ၀င်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။