စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း မတ်လ ၁၀ ရက်နေ့ကစပြီး စစ်တပ်နှင့် ရဲများက ဝင်ရောက်တပ်စွဲလာသည့်အတွက် CDM ဝင်ရောက်သည့် ဝန်ထမ်းများကို ပြောင်းရွှေ့ခိုင်းကြောင်း သိရသည်။
ဟုမ္မလင််းမြို့ခံတစ်ဦးက “စစ်တပ်နဲ့ရဲက လာပြီးတော့ အထဲမှာ စခန်းလာချသွားပြီ၊ အခုသူ့တို့လူသူတို့ ဆက်ထားဖို့အစီအစဉ်ရှိတယ်၊ စစ်တပ်နဲ့ရဲက အဆင်သင့်နေထားလိုက်ပြီ၊ သူတို့သဘောအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ချေရှိနေပါတယ်၊ စစ်တပ်က စစ်ဆရာဝန်များ လာထိုင်မယ်လို့လည်း သတင်းရတယ်” ဟု ပြောသည်။
မတ်လ ၁၀ ရက် မနက်ပိုင်းတွင် CDM ဝင်ကြသော ဟုမ္မလင်းမြို့ (ကုတင်-၁၀၀) ဆံ့ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများကို မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးမှုးတို့က ၎င်းတို့နှင့် ပူးပေါင်းမည်ဆိုလျှင် လုံခြုံရေးချပေးမည်ဖြစ်ပြီး မပူးပေါင်ပါက မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အပြီးသတ် ဆေးရုံဝန်းအတွင်း ဝန်ထမ်းအိမ်ရာမှ ရွှေ့ပြောင်းခိုင်းခဲ့ခြင်းဖြစ်သည်။
ဟုမ္မဟင်းမြို့ ပြည်သူ့ဆေးရုံဝန်ထမ်းအများစု သုံးပုံနှစ်ပုံခန့်သည် CDM လှုပ်ရှားမှုကို ပူးပေါင်းပါဝင်နေသည့်အတွက် ဆေးရုံဝန်းအတွင်းမှ ပြောင်းရွှေ့ထွက်ခွာခဲ့ပြီးကြောင်း သိရသည်။
Published
Friday, March 12, 2021
ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း စစ်တပ်နှင့်ရဲများ ဝင်ရောက်တပ်ဆွဲကာ CDM ဝင်သည့် ဝန်ထမ်းများကို ပြောင်းရွှေ့ခိုင်း