တိုင်းရင်သားလူမျိုးများ ကိုယ်စားပြုလွှတ်တော်ကော်မတီဖွဲ့စည်းရန် စီစဉ်

တိုင်းရင်သားလူမျိုးများ ကိုယ်စားပြုလွှတ်တော်ကော်မတီဖွဲ့စည်းရန် စီစဉ်
by -
စိုင်းထွန်းစံ (MNA)

ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများက ကိုယ်စားလှယ်များစုပေါင်း၍ တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြုလွှတ်တော်ကော်မတီကို ဖွဲစည်းရန် လုပ်ဆောင်နေကြောင်း သိရသည်။

 

အဆိုပါ ကော်မတီသည် တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကြွေးကြော်သံလေးချက်ဖြစ်သော အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေဥဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စသည်တို့ လုပ်ဆောင်သွားမည်ဟု ကော်မတီဖွဲ့စည်းရေး ဆောင်ရွက်သူများက ဆိုသည်။

 

“တိုင်းရင်းသားပြည်သူလူထုတွေရဲ့ ရှေ့ ရပ်ပေးမည့် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတာကြောင့် ကော်မတီကိုဖွဲ့ စည်းတာဖြစ်တယ်” ယင်းကော်မတီပေါ်ပေါက်လာရေးဆောင်ရွက်နေသော ရှမ်းပြည်နယ် အမှတ် (၇) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းအေးက ပြောသည်။

 

ကော်မတီမှာ ရှမ်းပြည်နယ်က လူမျိုးစုတွေရဲ့ အားပေးထောက်ခံမှုအများဆုံးရထားပြီး ၂၀၂၀ ရွေးကောက်ပွဲ တစ်နိုင်ငံလုံးအတိုင်းအတာ တတိယအများဆုံးအနိုင်ရခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီအချို့ ပါဝင်နိုင်ခြေရှိကြောင်း သိရသည်။

 

NLD ပါတီမှ ၂၀၂၀ အနိုင်ရလွှတ်တော်အမတ်တွေကလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖေဖော်ဝါရီလကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရပ်တစ်ရပ်ဖွဲ့စည်းကာ ပြည်တွင်း/ပြည်ပ ပူးပေါင်းပြီး အာဏာရှင်စနစ်ပပျောက်အောင် လှုပ်ရှားမှုတွေ လုပ်ဆောင်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...