မြန်မာ့နိုင်ငံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခိုလှုံသူ ရဲတပ်သားများအပါအဝင် ခုနစ်ဦးရှိ

မြန်မာ့နိုင်ငံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ခိုလှုံသူ ရဲတပ်သားများအပါအဝင် ခုနစ်ဦးရှိ

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံသူ ခုနစ်ဦးရှိပြီဖြစ်ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဝင်ရောက်ခိုလုံသူ ခုနစ်ဦးအနက် သုံးဦးမှာ ရဲတပ်သားများဖြစ်ပြီး Serchhip မြို့နယ် Lungkawlh ကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်းနှင့် ကျန်လေးဦးသည် အိန္ဒိယ-မြန်မာနယ်စပ် Champhai မြို့တွင် ဝင်ရောက်ခဲ့ကြောင်း မီဇိုရမ်သတင်းများတွင်ဖော်ပြချက်အရ သိရသည်။ 

 

၂၀၂၁ ခုနှစ် မတ် ၃ ရက်က မီဇိုရမ်ပြည်နယ် Lungkawlh ကျေးရွာတွင် ထွက်ပြေးလာသော မြန်မာနိုင်ငံ ရဲတပ်သားသုံးဦး ထွက်ဆိုချက်အရ “ပြည်တွင်းဆန္ဒပြပြည်သူများကို လက်နက်ဖြင့်ပစ်ခတ်ရန် အထက်အရာရှိများက အမိန့်ပေးခဲ့ခြင်းကြောင့် မိမိပြည်သူလူထု၊ မိမိလူမျိုးများကို မပစ်သတ်နိုင်တဲ့အတွက်ကြောင့် မိမိလက်နက်များကိုချပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာရတာဖြစ်တယ်” ဟု ထွက်ဆိုခဲ့ကြကြောင်းသိရသည်။

 

မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည်အဖြစ် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာသော ပြည်သူ့ရဲသုံးဦးတို့ကို မီဇိုရမ်ရဲနှင့် BDO E.Lungdar တို့က သေချာစစ်ဆေးခဲ့ပြီးနောက် N.Vanlaiphai ဆရာဝန်များက ကျန်မာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အလာတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်နေ့တို့တွင် မြန်မာပြည်က အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကလည်း Champhai မြို့ဘက်ကို ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ 

 

ထိုလေးဦးအနက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်တို့မှာ ကလေးမြို့နယ်ကဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ တမူးမြို့နယ်ဖက်ကဖြစ်ကြောင်း ထပ်မံသိရသည်။ 

 

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် အဖွဲ့အစည်းတွင်ပါဝင်ပတ်သက်မှုကြောင့် အသက်အန္တာရယ်စိုးရိမ်ရသည့်အတွက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးလာသူများကို စစ်ဘေးဒုက္ခသည် (Refugee) အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai ခရိုင် အုပ်ချုပ်ရေးမှူး CT Zuali က ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...