အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြသူ အမ်းဒေသခံခုနစ်ဦးကို ငွေဒဏ်များချမှတ်

အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြသူ အမ်းဒေသခံခုနစ်ဦးကို ငွေဒဏ်များချမှတ်
by -
နော်ဒွေးအယ်ခူ (KT)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်သဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသည့် အမ်းဒေသခံခုနစ်ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် အမ်းမြို့နယ်တစ်ရားရုံးက တစ်ဦးလျှင် ငွေဒဏ်ရှစ်သောင်းကျပ်စီဖြင့် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

 

“သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅ ကို ဒဏ်ငွေ ငါးသောင်းကျပ် ရိုက်ပြီးတော့ ငြိမ်းစုစီအတွက် သုံးသောင်းကျပ် ရိုက်တယ်ဆိုတော့ လူတစ်ယောက်ကို ရှစ်သောင်းကျပ်စီဖြစ်သွားတာပေါ့” ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က ဆန္ဒဖော်ထုတ်ခဲ့ရာတွင်ပါဝင်မှုဖြင့် ၎င်းတို့ ခုနစ်ဦးအား အမ်းမြို့နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးရွှေအေးက သသာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေနှင့် တရားစွဲဆိုခဲ့ပြီး အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

ဖမ်းဆီးခံရသူများမှာ ကျောင်းဆရာ၊ ကျောင်းသူများနှင့် ဘဏ်ဝန်ထမ်းများပါဝင်ပြီး ဘေး/စီ/မံပုဒ်မမှာ အာမခံမရသည့်အတွက် ချုပ်ရမန်နှစ်ပတ်ယူကာ ယနေ့တွင်ရုံးထုတ်ပြီး အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

အမ်းမြို့တွင် ဆန္ဒပြရာ၌ပါဝင်ခဲ့သည့် ခေါင်းဆောင်တစ်ချို့အား ဖမ်းဝရမ်းထုတ်ထားသည့်အတွက် ရှောင်တိမ်းနေရကြောင်းလည်း အမည်မဖော်လိုသည့် အမ်းဒေသခံတစ်ဦးက ပြောသည်။

 

“အခု ခုနစ်ယောက်ကတော့လွတ်သွားပြီပေါ့။ ဒါပေမဲ့ ကျန်တဲ့လူတွေကိုလည်း သူတို့က လိုက်ပြီးရှာနေတယ်။ အလွတ်မပေးဘူး၊ သူတို့ ဆက်ဖမ်းအုံးမယ်ပေါ့၊ အကုန်ရှောင်နေကြတယ်” ဟု ပြောသည်။

 

ယင်းသို့ ဖမ်းဝရမ်းထုတ်ထားမှုများ ရှိ၊ မရှိကို သိလို၍ အမ်းမြို့နယ်ရဲစခန်းမှူးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း အမ်းမြို့နယ်ရဲအုပ် ကျော်ဇင်ဦးအား မေးမြန်းရန်လွှဲပြောင်းခဲ့သည်။

 

အမ်းမြို့နယ် ရဲအုပ်ကျော်ဇင်ဦးအား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်က အပြင်ရောက်နေလို့ အဲဒီအကြောင်း တွေမသိရသေးဘူး” ဟု ဆိုပြန်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...