အာဏာသိမ်းစစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီဥက္ကဌ ပူးကျင်ရှန်းထန်က ပြောသည်။
“တက်ရောက်ဖို့ အစီအစဉ်မရှိဘူး။ ကျွန်တော်က မကြိုက်ဘူး။ကျွန်တော်လည်း နေမကောင်းဘူး။ နောက်ပြီးတော့ အပြင်လည်းမသွားနိုင်ဘူး။ အဲဒီဥစ္စာက ဘယ်တော့မှမသွားဘူး။ သဘောလည်းမကျဘူး။ နေလည်းမကောင်းဘူး” ဟု ZCD ဥက္ကဌ ပူးကျင်ရှန်းထန်ကပြောသည်။
စစ်ကောင်စီမှ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် နေပြည်တော်၌ နိုင်ငံရေးပါတ်ီများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားသည်။
၁၉၉၀ အနိုင်ရပါတီလည်းဖြစ် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မဟာမိတ်ပါတီလည်းဖြစ်သည့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၂ နေရာအနိုင်ရရှိသည့် ပါတီဖြစ်သည်။
အလားတူ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီသည်လည်း ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပွဲကို တက်ရောက်မည်မဟုတ်ကြောင်းသိရသော်လည်း ပါတီခေါင်းဆောင်များအား ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
Published
Thursday, February 25, 2021
အာဏာသိမ်းစစ်ကောင်စီမှဖွဲ့ထားသော ရွေးကော်နှင့် နိုင်ငံရေးပါတီတွေ့ဆုံပွဲ ZCD ပါတီ တက်မည်မဟုတ်