ပူတာအိုတွင် အဖမ်းခံရသော လူငယ်များကို မီသားစုဝင်များက ရှေ့နေနှင့်အတူ ထောင်အထိသွားတွေ့သော်လည်း တွေ့ဆုံခွင့်မပေး

ပူတာအိုတွင် အဖမ်းခံရသော လူငယ်များကို မီသားစုဝင်များက ရှေ့နေနှင့်အတူ ထောင်အထိသွားတွေ့သော်လည်း တွေ့ဆုံခွင့်မပေး
by -
မွန်းမွန်းပန် (MNJ)

ပူတာအိုတွင် အဖမ်းခံရသော လူငယ်ငါးဦးကို ရှေ့နေနှင့်အတူ ထောင်အထိသွားတွေ့သော်လည်း တွေ့ဆုံခွင့်မပေးကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။

 

အဆိုပါ လူငယ်မျာကို ယခုအခါ ပူတာအို နာမ်ဖော့ထောင်တွင် ထိန်းသိမ်းထားပြီး ယခုအချိန်အထိ မိသားစုများနှင့် တွေ့ဆုံခွင့်မပေးသေးကြောင်း သိရသည်။

 

လက်ရှိတွင် ထိုအဖမ်းခံရသော လူငယ်များကို သဘာဝဘေးအန္တရာယ်ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားပြီး မတ် ၅ ရက်တွင် ရုံးထုတ်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

 

“ကျွန်တော်ရှေ့နေကိုခေါ်ပြီး ထောင်မှာသွားတွေ့တာ သူတို့နဲ့ တွေ့ခွင့်မပေးဘူး။ သူတို့ကို ကိုဗစ် သဘာဝဘေးအန္တရာယ်ပုဒ်မ ၂၅ နဲ့ KIA နဲ့ဆက်သွယ်မူရှိတယ်ဆိုပြီး ပုဒ်မတပ်ထားတယ်” ဟု ၎င်းကပြောသည်။

 

၎င်းတို့၏မိဘများအနေဖြင့် မိမိသားသမီးများ ဖမ်းဆီးခံရခြင်းမျိုး အဖြစ်မခံနိုင်သော်လည်း ကြုံတွေ့လာပြီဖြစ်ခြင်းကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အမြန်ဆုံးလျှောက်လှမ်းပြီး ဖြေရှင်းနိုင်ရန် ဆန္ဒပြုဆုတောင်းမှုသာ ပြုလုပ်နေရကြောင်း ၎င်းကဆက်လက်ပြောသည်။

 

ဖမ်းဆီးခံရသူလူငယ်ငါးဦးသည် ရမ်ဆိန်း၊ ဖေနှောင်းအောင်၊ အောင်ဒီး၊ ဆင်ဝါနှင့် ဖီးနန်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...