ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ တီမာ (Dima) ကျေးရွာအနီးတွင် စစ်တပ်နှင့် ကချင်လက်နက် ကိုင်တပ်(KIA )တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါ ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေဖြစ်ကြောင်း သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၀ရက်) တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တီမာကျေးရွာအနီးတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသော အသက် ၅၀ ကျော်အရွယ် တရုတ်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း လည်း ဒေသခံများက ပြောသည်။
စစ်တပ်မှ တပ်မ ၉၉ စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက KIA တပ်စခန်းသို့ ဝင်ရောက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်နှင့် ထိုတိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်က အထိနာကာ ပြန်လည်ဆုတ် ခွာခဲ့ရကြောင်း သိရသည်။
အလားတူ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)နေ့လယ် ၁ နာရီအချိန်တွင်လည်း တီမာ (Dima) ပြည်သူ့စစ်ကုန်းမှ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
မြန်မာစစ်တပ်သည် တီမာ (Dima) ကျေးရွာဘက်တွင် စစ်အင်အားတိုးချဲ့မှုများပိုမိုပြုလုပ်လာပြီး ယမန်နေ့က စစ်ကား ငါးစီးပို့ဆောင်ထားသည့်အပြင် ယနေ့တွင်လည်း ထပ်မံ ပို့ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ထိုသို့ တပ်မတော်ဘက်မှ စစ်အင်အားအလုံးအရင်း တိုးချဲ့လာသောကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲပိုမိုပြင်း ထန်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
လက်ရှိ ရှမ်းမြောက် မြန်မာစစ်တပ်ဖြင့် ဖြစ်ပွားနေသောတိုက်ပွဲများတွင် KIA အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့များဖြစ်သော TNLA၊ SSPP ၊ AA ၊ MNDAA တို့လည်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း KIA တပ်မဟာ ၆ တပ်ရင်း ၃၈ နယ်မြေနှင့် တပ်ရင်း ၉ နယ်မြေတို့တွင် တပ်မတော်နဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
စစ်တပ် အာဏာသိမ်းလိုက်ပြီးနောက် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့ကြား စစ်ရေးတင်းမာနေပြီး ဆန္ဒပြလူထုကို ရဲ နဲ့ စစ်တပ်က ဖြိုခွင်းရာတွင် KIA အနေဖြင့် ပါဝင်ပတ် သက်ခြင်းမပြုရန် တပ်မတော်ဘက်က သတိပေးမှုများပြုလုပ်ခဲ့သေးသည်။
သို့သော် KIO သည် စစ်အာဏာရှင်ဖြတ်ချရေး လူထုဆန္ဒဖော်ထုတ်မှုများကို ကြိုဆိုထောက်ခံကြောင်း သဘောထားထုတ်ပြန်ထားသည်။
Published
Monday, February 22, 2021
မြန်မာ့တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွား