တပ်မတော်ထောက်ခံပွဲစီတန်းလှည့်လည်မှုကို ကချင်ပြည်နယ် မိုးညှင်းမြို့ခံများက သံပုံးတီးနှင်ထုတ်ခဲ့ရသည့်ဖြစ်စဉ် ဖေဖော်ဝါရီ ၂၁ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါ တပ်ထောက်ခံသူများသည် ဆန္ဒထုတ်ဖော်သူများမှ အာဏာသိမ်းကောင်စီကို ထောက်ခံကြောင်း ၊ CDM လှုပ်ရှားမှုကို ရှုံ့ချကြောင်း ၊ ပြည်ပအားကိုး ပုစိန်ရိုးစသည့် ကြွေးကြော်သံများဖြင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး
လူအင်အား တစ်ရာကျော်ခန့် ပါဝင်ကြောင်းနှင့် မိုးညှင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မိုးညှင်းမြို့နယ်ရှိ ကျေးရွာတစ်ချို့မှ ၎င်းတို့၏အမာခံများလည်း ပါ၀င်ကြောင်းသိရသည်။
၎င်းတပ်ထောက်ခံသူများသည် မိုးညှင်းမြို့ ထီးလင်းကဇာတ်ရုံမှ ပြည်ထောင်စုလမ်းမအတိုင်း ဆန္ဒထုတ်ဖော်လာသည့် အချိန်တွင် ဒေသခံများက သံပုံးတီးနှင်လွှတ်ကြခြင်းဖြစ်သည်။
တပ်မတော်ထောက်ခံပွဲကို အာဏာသိမ်းပြီးနောက် မိုးညှင်းမြို့တွင် ပထမဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့သည် အခကြေးငွေယူ၍ ထိုသို့လုပ်ဆောင်းနေခြင်းဖြစ်ကြောင်း သီတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။