တပ်မတော်ထောက်ခံပွဲကို မိုးညှင်းမြို့ခံများ သံပုံးတီးနှင်ထုတ်ခဲ့ရ

တပ်မတော်ထောက်ခံပွဲကို မိုးညှင်းမြို့ခံများ သံပုံးတီးနှင်ထုတ်ခဲ့ရ

တပ်မတော်ထောက်ခံပွဲစီတန်းလှည့်လည်မှုကို ကချင်ပြည်နယ် မိုးညှင်းမြို့ခံများက သံပုံးတီးနှင်ထုတ်ခဲ့ရသည့်ဖြစ်စဉ် ဖေဖော်ဝါရီ ၂၁ ရက်ကဖြစ်ပွားခဲ့သည်။

အဆိုပါ တပ်ထောက်ခံသူများသည် ဆန္ဒထုတ်ဖော်သူများမှ အာဏာသိမ်းကောင်စီကို ထောက်ခံကြောင်း ၊ CDM လှုပ်ရှားမှုကို ရှုံ့ချကြောင်း ၊ ပြည်ပအားကိုး ပုစိန်ရိုးစသည့် ကြွေးကြော်သံများဖြင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး

လူအင်အား တစ်ရာကျော်ခန့် ပါဝင်ကြောင်းနှင့် မိုးညှင်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့နှင့်  မိုးညှင်းမြို့နယ်ရှိ ကျေးရွာတစ်ချို့မှ ၎င်းတို့၏အမာခံများလည်း ပါ၀င်ကြောင်းသိရသည်။

၎င်းတပ်ထောက်ခံသူများသည် မိုးညှင်းမြို့ ထီးလင်းကဇာတ်ရုံမှ ပြည်ထောင်စုလမ်းမအတိုင်း ဆန္ဒထုတ်ဖော်လာသည့် အချိန်တွင် ဒေသခံများက သံပုံးတီးနှင်လွှတ်ကြခြင်းဖြစ်သည်။

 တပ်မတော်ထောက်ခံပွဲကို အာဏာသိမ်းပြီးနောက် မိုးညှင်းမြို့တွင် ပထမဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၎င်းတို့သည် အခကြေးငွေယူ၍ ထိုသို့လုပ်ဆောင်းနေခြင်းဖြစ်ကြောင်း သီတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...