ကချင်ပြည်နယ် မြစ်ကြီးနားတွင် လမ်းပေါ်သွားလာနေသည့် ပြည်သူအချို့ကို ရဲနှင့်စစ် သားများက စစ်ဆေးမေး မြန်းကာ ဖမ်းဆီးမှုများ ယနေ့(ဖေဖော်ဝါရီ ၁၉ရက်)မနက်ပိုင်း၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်တွင်ဆိုင်ကယ်ဖြင့် သွားလာနေသော ပြည်သူများကိုတား၍ စစ်ဆေးကာတစ်ချို့ကို အချုပ် ကားပေါ်တင်လျက်ရှိကြောင်း စစ်ဆေးမေးမြန်းခံရသူ ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ကယ်ရပ်ခိုင်းတယ်။ ပြီးတော့ လွယ်အိတ်ဖွင့်ခိုင်းပြီး စစ်ဆေးတယ်။ အချုပ်ကားထဲ ယောကျာ်းလေး နှစ်ယောက်ကို ၀င်းခိုင်းလိုက်တာတွေ့လိုက်တယ်”ဟု ၎င်းက ပြောသည်။
ယနေ့ဆန္ဒပြမည့် ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး CDMတွင် ပါဝင်သည့် ဝန်ထမ်းအချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ပြင် မြစ်ကြီးနားမြို့တွင် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွက် ပြည်သူများ၏ ပုံမှန် စုရပ်နေရာများဖြစ် သော နောင်ရာပါကွင်းနှင့် မြစ်ကြီးနားတက္ကသိုလ်ရှေ့ နေရာတို့တွင် တပ်မတော်က နေရာပိတ်ဆို့ထား သည့်အပြင်
မြို့အတွင်းရှိ အခြား လူစုနိုင်မည့်နေရာများတွင်လည်း ရနှင့် စစ်သားများက လိုက်လံ လူစုခွဲနေကြောင်း သိရသည်။
ထိုသို့ ယနေ့(ဖေဖော်ဝါရီ ၁၉ရက်)မနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ပြည်သူများဆန္ဒထုတ်ဖော်ရန် လူစုသည့် နေရာမရှိသည့်အတွက် ဆိုင်ကယ်များဖြင့် ရွေ့လျားဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။
Published
Friday, February 19, 2021
မြစ်ကြီးနားတွင် လမ်းပေါ်သွားလာနေသည့် ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်