အာဏာသိမ်းတပ်ကဖွဲ့စည်းသည့် ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမှုပေါ် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ဦးရှန်မန်းငြင်းဆို

အာဏာသိမ်းတပ်ကဖွဲ့စည်းသည့် ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမှုပေါ် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ဦးရှန်မန်းငြင်းဆို

အာဏာသိမ်းတပ်က ဖွဲ့စည်းသည့်ကောင်စီတွင် ပါဝင်ရန်ကမ်းလှမ်းမှုပေါ် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ ဦးရှန်မန်းက ငြင်းဆိုလိုက်ကြောင်း သိရသည်။

ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရှန်မန်းကို ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါ၀င်ရန် ချင်းပြည်နယ်အစိုးရတာဝန်ရှိသူဆိုသူက ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းတွင် ဖုန်းဖြင့်ဆက်သွယ်၍ကမ်း လှမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းက အချိန်အနည်းငယ်ယူစဉ်းစားကာ နေ့လယ် ၁၂ ခွဲခန့်တွင် ပြန်လည်ဆက်သွယ်၍ ငြင်း ဆိုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

“ငြင်းတာက ထွေထွေထူးထူးကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီပြည်သူလူထုက လက်ခံတဲ့ အစိုးရနှင့် ပြည်သူတို့က လက်ခံတဲ့ အုပ်ချုပ်ရေးမှာပဲ ကျွန်တော်တို့က တတ်နိုင်သလောက် ကိုယ့်လူမျိုး ကိုယ့် ဒေသအတွက် အလုပ်လုပ်ဖို့ ဆိုပြီးတော့ ကျွန်တော် အမြဲတမ်း ဆုံးဖြတ်ထားတာ ကျွန်တော့ရည်ရွယ်ချက်ပါပဲ။  ဆိုတော့ မကြာသေးခင်က ကျွန်တော့ကိုလည်း ဒီမှာ CNLD ကနေပြီးတော့ ကျွန်တော်တို့ အရွေးခံတဲ့အခါ ကျတော့ပြည်သူလူထုက ကျွန်တော့ကို ဘာဘဲဖြစ်ဖြစ်  ပြည်သူလူထုကိုယ်စား ကိုယ့်လူမျိုး ကိုယ့်ဒေသအတွက် အလုပ်လုပ်ဖို့ ဆိုပြီးတော့ ကျွန်တော်တို့ကို ရွေးထားတာဆိုတော့ခါလေ အခု အခြေအနေကတော့ ဘယ်လိုမှ ပြည်သူလူထုက လက်ခံနိုင်တဲ့ အစိုးရ မဟုတ်တော့၊ လက်ခံနိုင်တဲ့ အုပ်ချုပ်ရေးစနစ် မဟုတ်တဲ့ ခါကျတော့ အဲဒါမှာ ကျွန်တော်တို့လည်း အလုပ်လုပ် ဖို့ကတော့ ကျွန်တော် လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော့်အနေနဲ့ လက်မခံနိုင်ဘူးလို့ ကျွန်တော် ငြင်းထားတာပါ။ ထူးထွေတော့ မဟုတ်ပါဘူး" ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဦးရှန်မန်းမှ ပြောသည်။

 

ဦးရှန်မန်းသည် ၂၀၂၀၊ နိုဝင်ဘာလ ၈ ရက်၌ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ် ချင်းပြည်နယ်လွှတ်တော် အမှတ် (၂) တွင် အနိုင်ရရှိသူဖြစ်ပြီး CLND ကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများတွင် ၎င်းတစ်ဦးထဲသာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...