ဖမ်းဆီးထိမ်းသိန်းခံ မိုးညှင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှင့် အတွင်းရေးမှုးများ တွေ့ဆုံခွင့်မရသဖြင့် မိသားစု၀င်များစိုရိန်နေ

တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်က ဖမ်းစီးခေါ်ဆောင် သွားခံရသည့် မိုးညှင်းမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှုးများတွေ့ခွင့်မရှိသောကြောင့် မိသားစု၀င်များ စိတ်ပူနေရကြောင်း မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစံဧ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

            “ အသက်ကလဲကြီးပြီလေ။ စိုးရိမ်တယ်။ မိသားစုနဲ့လဲတွေ့ခွင့်မရဘူး။ အသက်က ၇၃ နှစ်ရှိပြီဆိုတော့လေ” ဟု ၎င်းကပြောသည်။

            ဦးစံဧ အား ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီအချိန်တွင်၎င်းနေအိမ်သို့ မိုးညှင်းမြို့နယ်မြေခံတပ်ရင်း ဖြစ်သော ခလရ ၁၅ တပ်ရင်းမှ အကြောင်းပြချက်မပေးပဲ ခေါ်ယူသွားခြင်းဖြစ်သည်။

            အဆိုပါ ဖမ်းဆီထိန်းသိမ်ခံရမှုထဲတွင် မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှုး၊ မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှုအပါအ၀◌င် စုစုပေါင်း လေးဦးကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရသည်။

            ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများကြီးမာစွာ ကွာခြားမှုများ ရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပျက်ကွပ်ခဲ့ကြောင်းနှင့် မဲစာရင်းများ အတည်ပြုခြင်းအပါအ၀င် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီချုပ်ထံလွဲပြောင်းပေးအပ်လိုက်ကြောင်း ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက်က နိင်ငံတော်သမ္မတရုံး အမိန့်‌‌ကြေညာစာအမှတ် ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

            ယင်းသို့ တပ်မတော်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ထားခြင်းကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး မိုးညှင်းမြို့နယ်ရှိ ဌာနဆိုင်ရာ၀န်ထမ်းအများစုကလည်း မိမိတို့တင်မြှောက်ထားသည့် အစိုးရမဟုတ်သည့်အတွက် civil disobedience movement (CDM) ပြုလုပ်လျက်ရှိသည်

တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်က ဖမ်းစီးခေါ်ဆောင် သွားခံရသည့် မိုးညှင်းမြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှုးများတွေ့ခွင့်မရှိသောကြောင့် မိသားစု၀င်များ စိတ်ပူနေရကြောင်း မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစံဧ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

            “ အသက်ကလဲကြီးပြီလေ။ စိုးရိမ်တယ်။ မိသားစုနဲ့လဲတွေ့ခွင့်မရဘူး။ အသက်က ၇၃ နှစ်ရှိပြီဆိုတော့လေ” ဟု ၎င်းကပြောသည်။

            ဦးစံဧ အား ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၉ နာရီအချိန်တွင်၎င်းနေအိမ်သို့ မိုးညှင်းမြို့နယ်မြေခံတပ်ရင်း ဖြစ်သော ခလရ ၁၅ တပ်ရင်းမှ အကြောင်းပြချက်မပေးပဲ ခေါ်ယူသွားခြင်းဖြစ်သည်။

            အဆိုပါ ဖမ်းဆီထိန်းသိမ်ခံရမှုထဲတွင် မိုးညှင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှုး၊ မိုးညှင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှုအပါအ၀◌င် စုစုပေါင်း လေးဦးကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းသိရသည်။

            ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများကြီးမာစွာ ကွာခြားမှုများ ရှိနေသဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပျက်ကွပ်ခဲ့ကြောင်းနှင့် မဲစာရင်းများ အတည်ပြုခြင်းအပါအ၀င် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော်အာဏာကို ကာကွယ်ရေး ဦးစီချုပ်ထံလွဲပြောင်းပေးအပ်လိုက်ကြောင်း ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက်က နိင်ငံတော်သမ္မတရုံး အမိန့်‌‌ကြေညာစာအမှတ် ၁/၂၀၂၁ ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။

            ယင်းသို့ တပ်မတော်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ထားခြင်းကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှုများဖြစ်ပွားလျက်ရှိပြီး မိုးညှင်းမြို့နယ်ရှိ ဌာနဆိုင်ရာ၀န်ထမ်းအများစုကလည်း မိမိတို့တင်မြှောက်ထားသည့် အစိုးရမဟုတ်သည့်အတွက် civil disobedience movement (CDM) ပြုလုပ်လျက်ရှိသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...