တောင်ကြီးမြို့၏ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု ၅ ရက်မြောက်နေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားများများစွာ ပါဝင်လာကြောင်းတွေ့ရသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသားများ၊ ရှေ့နေများ၊ ဆရာ/ဆရာမများ၊ လူငယ်များနှင့် ဒေသခံတိုင်းရင်းသားများနှင့်အတူ လျှပ်စစ်ရုံးဝန်ထမ်းများ၊ ဆက်သွယ်ရေးဝန်ထမ်းတစ်ချို့နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်လာပြီး လူအင်အား သိန်းကျော်ဖြင့် မိန်းမလမ်းမတစ်လျှောက် ဆန္ဒထုတ်ဖော်လည့်လှည်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ရှမ်းတိုင်းရင်းသားလူငယ်များ၊ ပအိုဝ်းတိုင်းရင်းသားလူငယ်များ၊ ကချင်တိုင်းရင်းသားများနှင့် လီဆူးတိုင်းရင်းသားများလာငယ်များမှ လည်း ၎င်းတို့၏ ရိုးရာဝတ်စုံများဖြင့် တောင်တန်းတော်လန်ရေး စာတန်းကိုင်ဆောင်လျှက် စစ်အာဏာရှင်များကို ဆန့်ကျင်ကြောင်းနှင့် CDM တွင် ဝန်ထမ်းများပါဝင်လာရန် တိုက်တွန်းသည့် စာတန်းများကိုင်ဆောင်လျက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် တောင်ကြီးမြို့တွင်နေထိုင်ကြသော မြန်မာပြည်ဖွား တရုတ်လူငယ်များ၊ ဂေါ်ရခါးလူငယ်အဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ ၇ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် မြို့ခံလူထုများမှ သပိတ်စစ်ကြောင်းများအတွက် အစားအစာများ ရေသန့်များ ဝေငှလှူဒါန်းမှုများလည်း တွေ့မြင်ရသည်။