မိုးညှင်းတွင် ပညာရေး၀န်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်းများနှင့် လျှပ်စစ်၀န်ထမ်းများ ပြည်သူနှင့်အတူ ဆန္ဒပြ

မိုးညှင်းတွင် ပညာရေး၀န်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်းများနှင့် လျှပ်စစ်၀န်ထမ်းများ ပြည်သူနှင့်အတူ ဆန္ဒပြ

မိုးညှင်းမြို့တွင် အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) တွင် ပညာရေး၀န်ထမ်းများ၊ ကျမ်းမာရေး၀န်ထမ်းများနှင့် လျှပ်စစ်၀န်ထမ်းများပါ၀င်လာကြောင်း သိရသည်။

အဆိုပါ အစိုးရ၀န်ထမ်းများဖြစ်သည့် ပညာရေး၀န်ထမ်းများ၊ ကျမ်းမာရေး၀န်ထမ်းများနှင့် လျှပ်စစ်၀န်ထမ်းများသည် မိမိတို့‌ရွေးကောက်တင်မြှောက်ထားသော အစိုးရမဟုတ်သည့် စစ်အစိုးရလက်အောက်တွင် တာ၀န်ထမ်းဆောင်နိုင်ခြင်းမရှိဟုဆိုကာ civil disobedience movement တွင် ပါ၀င်ထားသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့ကလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ပြည်သူဆန္ဒ၊ စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်ပျက်သုဉ်းရေးနှင့် ဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ စသည့် ဆောင်းပုဒ်များဖြင့် ကြွေးကျော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါဝန်ထမ်းများသည် မိုးညှင်းမြို့ ရွှေသာလျောင်ဇာတ်ရုံမှစတင်ကာ မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ကြပြီး ရွှေသာလျောင်းဇာတ်ရုံတွင်ပြန်လည်အခြေချ၍ ကြွေကြော်မှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...