မိုးညှင်းမြို့တွင် အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) တွင် ပညာရေး၀န်ထမ်းများ၊ ကျမ်းမာရေး၀န်ထမ်းများနှင့် လျှပ်စစ်၀န်ထမ်းများပါ၀င်လာကြောင်း သိရသည်။
အဆိုပါ အစိုးရ၀န်ထမ်းများဖြစ်သည့် ပညာရေး၀န်ထမ်းများ၊ ကျမ်းမာရေး၀န်ထမ်းများနှင့် လျှပ်စစ်၀န်ထမ်းများသည် မိမိတို့ရွေးကောက်တင်မြှောက်ထားသော အစိုးရမဟုတ်သည့် စစ်အစိုးရလက်အောက်တွင် တာ၀န်ထမ်းဆောင်နိုင်ခြင်းမရှိဟုဆိုကာ civil disobedience movement တွင် ပါ၀င်ထားသူများဖြစ်ကြောင်း သိရသည်။
၎င်းတို့ကလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ပြည်သူဆန္ဒ၊ စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင်ပျက်သုဉ်းရေးနှင့် ဖမ်းဆီးထားသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ စသည့် ဆောင်းပုဒ်များဖြင့် ကြွေးကျော်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဝန်ထမ်းများသည် မိုးညှင်းမြို့ ရွှေသာလျောင်ဇာတ်ရုံမှစတင်ကာ မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ကြပြီး ရွှေသာလျောင်းဇာတ်ရုံတွင်ပြန်လည်အခြေချ၍ ကြွေကြော်မှုများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။