ဖမ်းဆီးခံထားရသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့ ပြန်လည်လွတ်မြောက်

ဖမ်းဆီးခံထားရသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့ ပြန်လည်လွတ်မြောက်
by -
ခေါင်ညွယ် (KNG)

တပ်မတော်အာဏာသိမ်းပြီး နောက်တစ်ရက်ကြာ ဖမ်းဆီးခံထားရသော ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးတချို့သည် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နေ့လယ်ပိုင်းတွင် ပြန်လည်လွှတ်မြောက်လာခဲ့ကြောင်း သိရသည်။

ယခုအခါ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ၎င်း၏ဝန်ကြီးအိမ်ယာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရပြီး စည်ပင်ဝန်ကြီး ဦးနော်လီနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့မှာ လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးများသည် သုံးရက်အတွင်း ဝန်ကြီးအိမ်ယာမှ အပြီးပြောင်းရမည်ဖြစ်ပြီး ဖုန်းနှင့်ဆင်းမ်ကတ်အပြင် ဝန်ကြီးအဆောင်အယောင်များကို သုံးရက်အတွင်း အပြီးအပ်နှံရမည်ဖြစ်ကြောင်း NLD ကချင်ပြည်နယ် အလုပ်အမှုဆောင် စိုင်းကျော်သူစိုးက ပြောသည်။

ဝန်ကြီးများ လွတ်မြောက်လာပြီဟုဆိုသော်လည်း ဆက်လက်ပြီး မိမိနေအိမ်တွင်သာ နေထိုင်ရမည်ဖြစ်သဖြင့် အကျယ်ချုပ်ထားသည့်သဘောဖြစ်ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲသမာမှုများရှိခဲ့သည်ဟူသောအကြောင်းပြချက်ဖြင့် တပ်မတော်က အာဏာသိမ်း၍ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...