ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်လည်လွတ်မြောက်လာ
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးနှင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမူဆောင် ဦးစိုင်းကျော်သူက ဇန်နဝါရီ ၂ ရက် မနက်ပိုင်းကပြောသည်။

"ခုရှမ်းရေးရာဝန်ကြီ်ိးနဲ့ ရဝမ်ရေးရာဝန်ကြီး နှစ်ဦး ပြန်လွှတ်လာပြီလို့တော့ ကြားရတယ်။ ဒါပေမယ့် ဖုန်းတော့အဆက်အသွယ်မရသေး။ဝန်ကြီးချုပ်နဲ့ ကျန်တဲ့ဝန်ကြီးတွေကိုလည်း ဖုန်းအဆက်အသွယ်မရတော့ ဘယ်မှာထိန်းသိမ်း ထားမှန်းကျွန်တော်အတိအကျမသိရသေးပါဘူး။သူတို့ကို ဖေဖော်ဝါရီ ၁ ရက် မနက် ၄ နာရီကျော်လောက်ကတည်းက အိမ်တွေကနေလာခေါ်သွားတယ်လို့ သိရတယ်။ ပြီးတော့ ဆေးသောက်နေတဲ့သူတွေကတော့ နောက်တစ်ကြိမ်ဆေးတွေလာယူသွားတယ်လို့ သိရတယ်။ အဲဒါနောက်ဆုံးသိရှိရတဲ့သတင်းပါ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၈) ခုရှိ မြို့နယ်ပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့အား ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်အချို့ နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မိုးညှင်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) နှင့်အမှတ် (၂) နှစ်ဦး ပြန်လည်လွှတ်မြောက်လာပြီး၊ ဗန်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဇာခြည်မြင့်၊ မိုးကောင်းမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိတို့လေးဦးအား ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ကို စစ်ဆေးမေးမြန်းတာတွေတော့ ဘာမှမလုပ်ပါဘူး။ ကျွန်မနဲ့အတူ လွှတ်တော်ဥက္ကဌ ဦးထွန်းတင်လည်းပါတယ် ပြည်နယ်လွှတ်တော် ဦးဇော်သင်းလည်းပါတယ်။ စုစုပေါင်း လေးယောက်ကိုတော့ အမြောက်တပ်မှာထားပါတယ်။ သူတို့တွေတော့ မလွှတ်သေးပါဘူး။ အဲကအရာရှိတစ်ယောက်ပြောသံကြားတာတော့ ဒီမှာဘဲအိပ်ပေးပါအုံးဆိုပြီး ပြောသံကြားရတယ်။ ကျွန်မနဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးနှစ်ဦးဘဲလွတ်သေးတယ်။ ကျန်တဲ့သူတွေတော့ အခြေနေမသိရသေးဘူး” ဟု ဗန်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်မြင့်ကပြောသည်။

ဗန်းမော်ခရိုင်တွင်း ထိန်းသိမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်အပါအဝင် မြို့နယ်ပါတီဥက္က၊ သတင်းပြန်ကြားတာဝန်ခံ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၁ ဦး ထိန်းသိမ်းခံထားရပြီး သတင်းပြန်ကြားရေးတာဝန်ခံ မဝါဝါအောင်နှင့် ဗန်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါ်ဇာခြည်မြင့် နှစ်ဦးသာ လွှတ်မြောက်လာသေးကြောင်း သိရသည်။

ထို့ပြင် လတ်တလော နောက်ဆုံးသတင်းအရ ဖားကန့်မြို့နယ်ပါတီဥက္ကဌ ဦးသိန်းဟန်လည်း နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...