ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ရိပ်သာတွင် ကန့်သတ်ထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ရိပ်သာတွင် ကန့်သတ်ထား
by -
စောထွန်းလင်း (KIC)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို နေပြည်တော် စည်ပင်ရိပ်သာ၌ ယနေ့မွန်းလွဲပိုင်းထိ အဝင်/အထွက် ကန့်သတ်ထားသည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။

“အခု နေပြည်တော် စည်ပင်ရိပ်သာ အမှတ် ၂ မှာပဲ။ အဝင်အထွက်လုပ်လို့ မရဘူး။ ပိတ်ထားတယ်” ဟု ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မွန်းလွဲပိုင်းတွင် နိုင်ငံတော် သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် (၁/၂၀၂၁) ကိုထုတ်ပြန်လိုက်ပြီး မဲစာရင်း စစ်ဆေးအတည်ပြုခြင်းအပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက် ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးလိုက်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတဝှမ်းလုံးဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်သည့်နေ့ (ယနေ့) မှစ၍ တစ်နှစ်ဖြစ်ကြောင်း ယာယီသမ္မတဦးမြင့်ဆွေက လက်မှတ်ထိုးထုတ်ပြန်ထားသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...