ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၏ နောက်ဆုံးကျင်းပခဲ့သည့် ပုံမှန်အစည်းအဝေးတွင် အဆို သုံးခု၊ဥပဒေကြမ်း နှစ်ခုအတည်ပြုနိုင်ခဲ့ပြီး မေးခွန်းခု နစ်ခုဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်အစည်းအဝေးတွင် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးထွန်းသာစိန်တင်သွင်းသော “ထာဝရငြိမ်းချမ်းကိုတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ သတ်မှတ်ထားသော ULA/AA အား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆို၊ ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၏ ရခိုင်ပြည် နယ်မြို့နယ်အသီးသီးသို့ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာသို့ လုံခြုံအေးချမ်းစွာဖြင့် ပြန်လည်သွားရောက်နေထိုင်နိုင်ရေးအတွက် ပိုမိုထိရောက် သော အကူအ ညီများပေးသင့်ကြောင့် တိုက်တွန်းသည့်အဆိုနှင့် ကျောက်တော်မြို့နယ်မဲဆန္ဒ နယ်အမှတ်(၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်၏ သတင်းအချက်အလက်များ တိကျမြန်ဆန်ရေး အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် အင်တာနက် (2G Network)အဆင့်မှ ယခင်အသုံးပြုခဲ့သော (4G network) အဆင့်သို့ ပြည်လည်အသုံးပြုခွင့်ပေးနိုင်ရန် တိုက်တွန်းကြောင်း” အဆိုတို့အပြင် ရခိုင်ပြည်နယ် ဓာတ်မြေသြဇာစနစ်တကျသုံးစွဲရေးနှင့် သဘာဝမြေသြဇာစ နစ်တကျ ထုတ်လုပ်သုံးစွဲရေး ဥပဒေကြမ်းနှင့် ဒုတိယအကြိမ်ပြင်ဆင်သည့် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေကြမ်းတို့အား အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်များအတွက် လျာထားချက် ဖြည့်စွက်ရန်ပုံငွေနှင့်သက်သက်၍ ဆွေးနွေးနိုင်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်းများကိုလည်း မေးမြန်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် (၁၅)ကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးကို ဇန်နဝါရီ ၁၁ ရက်မှစ၍ ဇန်နဝါရီ ၁၉ ရက်အထိ ကိုးရက်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။