တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သို့ လွှဲပြောင်းရန် တိုင်ကြားစာအကြွေးကျန်မရှိသော်လည်း သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပြီးကြောင်း အကြောင်းမပြန်မှုများပြား

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သို့ လွှဲပြောင်းရန် တိုင်ကြားစာအကြွေးကျန်မရှိသော်လည်း သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပြီးကြောင်း အကြောင်းမပြန်မှုများပြား
by -
စိုင်းထွန်းစံ (MNA)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း တိုင်ကြားစာကော်မတီက လာမည့် တတိယအကြိမ် လွှတ်တော်ကို လွှဲပြောင်းပေးရန် အကြွေးကျန်းရှိမှု မရှိသော်လည်း သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ပြီးကြောင်း အကြောင်းမပြန်မှု အများအပြားရှိကြောင်း သိရသည်။

“တစ်ပတ်မှာ အစည်းဝေးထိုင်ရင် အနိပ်ဆုံး တိုင်ကြားစာက ၁၅ စောင်နဲ့ အစောင် ၂၀ ရတယ်။ များလို့ရှိရင် အစောင် ၃၀ လောက်ရတယ်။ အဲ့ဒီမှာ ဘာတွေတွေ့ရလဲဆိုတော့ ကော်မတီမှာ အားနည်းချက် အားသာချက်တွေ။ အားသာချက်ကတော့ အပတ်စဉ်အစည်းဝေးလုပ်တယ်။ နောက်ဆုံး တတိယအကြိမ် လွှတ်တော်ကိုလွှဲ တော့မယ်ဆို အကြွေးတော့ မကျန်ခဲ့ဘူး။ ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီးတော့” တိုင်ကြားစာကော်မတီ ဥက္ကဌ မွန်ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးအောင်ကျော်သူက ဆိုသည်။

တိုင်ကြားလာသည့်စာများကို လွှတ်တော်အနေဖြင့် အဆုံးအဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းမဟုတ်သည့်အတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တို့မှ ဌာနဆိုင်ရာများကို ပူပေါင်းဆောင်ရွက်ပေးရန် စာပို့ထားကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့သည်။

ဦးအောင်ကျော်သူက “တင်ပြတိုင်ကြားလာတဲ့စာတွေကို သက်ဆိုင်ရာ ခရိုင်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတွေ အကုန်အသီးသီးကို ပူးပေါင်းဆောင်ရွက်ဖို့စာတွေ ပို့ခဲ့တယ်။ သူတို့ဆီကနေ ဆောင်ရွက်ပြီးစီးမှုတွေ ပြန်တောင်းခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်ကသာ အကြွေးမကျန်တာ လက်ရှိ ကတော့ သက်ဆိုင်ရာဌာနတွေ ပေးပို့လိုက်တဲ့စာတွေ ပြန်မရောက်တဲ့စာတွေ အများကြီးတော့ ကျန်သေးတယ်။ ၁၀၀ ရာခိုင်နှုန်းလုပ်ငန်း မပြီးပျက်ဘူး” ဟု ပြောကြားခဲ့သည်။

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီထံသို့ ၂၀၁၆ ခုနှစ်မှ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ တိုင်ကြားစာ စုစုပေါင်း ၁၇၈၂ စောင် ရှိပြီး ထိုထဲတွင် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေ ကိစ္စရပ်များ ပါဝင်သည်။

တိုင်ကြားစာများထဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးရန် ပေးပို့ထားသည့် စောင်ရေစုစုပေါင်း ၂၄၅ စောင်ရှိပြီး ပြန်ကြားလာသည့် စောင်ရေ ၈၇ စောင်နှင့် ပြန်ကြားခြင်းမရှိသေးသည့် စောင်ရေ ၁၅၈ စောင်ရှိကြောင်း ၎င်းထံမှ သိရသည်။

အလားတူ မွန်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် ဌာနဆိုင်ရာများကို ညှိနှိုင်းဆောင်ရွက်ပေးရန် ပေးပို့ထားသည့် စောင်ရေ စုစုပေါင်း ၉၄ စောင်ရှိပြီး ပြန်ကြားလာသည့် စောင်ရေ ၅၁ စောင်နှင့် ပြန်ကြားခြင်းမရှိသည့် စောင်ရေ ၄၃ စောင်ရှိကြောင်း ၎င်းထံမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းအတွင်း တိုင်ကြားစာကော်မတီမှ အစည်းဝေးအကြိမ်ရေ ၂၀၀ ခန့် ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှု ၆၈ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...